Sunday, March 23, 2014

Samsung Galaxy S, SII,Tab နှင့် USB On The Go

Samsung Galaxy S, SII,Tab နှင့် USB On The Go
USB OTG (On The Go) ဆိုတာဘာလဲ


USB OTG ကို အကျယ်တော့ မရှင်းတော့ပါဘူးခင်ဗျာ၊ တိုက်ရိုက် ဘာသာပြန်ရရင် သွားလေရာမှာ သုံးလို့ရတဲ့ USB ပေါ့ဗျာ၊ သူက ဘာတွေအလုပ်လုပ်လဲဆိုတော့ မိတ်ဆွေ ခင်ဗျားမှာရှိတဲ့ မျက်နှာပြင်ကြီးမားကျယ်ပြန့်တဲ့ ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေမှာ တစ်ခါတစ်ရံ စာရိုက်ရင်တို့ double tap လုပ်ရင်တို့ အဆင်မပြေ ဖြစ်တတ်တယ်မဟုတ်လား၊ နောက်ပြီး အဓိက က စာရိုက်ရင် တစ်ချို့က touch pad ပေါ်မှာ ရိုက်ရတာ သိပ် feel မလာဘူးဖြစ်တယ်လေ၊ နောက် မောက်စ် သုံးနေကျ လူတွေလည်း tap တို့ double tap သိပ်မလုပ်ချင်ဘူးဗျ၊ click, double click ပဲ လုပ်ချင်တာ၊ နောက်ရှိပါသေးရဲ့ တစ်ချို့ ebook တွေ၊ work တွေ ဖိုင်ဆိုဒ်ကြီးကြီးတွေ ကို ဖုန်းထဲ၊ သင်ပုန်းကွန်ပျူတာထဲ ထည့်မသယ်ချင်တဲ့ သူတွေလည်း ရှိကြမှာ မဟုတ်လား၊ နောက် တစ်ခြား လ၀ ကိစ္စတွေရောပေါ့ဗျာ၊ အဲဒီအခါမှာ USB flash drive တွေထဲထည့် ပြီးရင် laptop နဲ့ ဖုန်း ဒါမှဟုတ် သင်ပုန်းကွန်ပျူတာထဲပြန်ထည့် အလုပ်ရှုပ်တယ်ဟုတ်၊ အဲဒီလိုမဖြစ်ရအောင် USB OTG support ပေးတဲ့ device ဆိုရင် usb ကြိုးလေးနဲ့ချိတ် ပြီးရင်  Keybaoard, mouse နဲ့ဆက်လိုက်ရင် Keybaoard နဲ့စာရိုက် mouse နဲ့ navigate လုပ်ရုံပဲ၊ အဲဒါ့ပြင်မက external disk တွေဖြစ်တဲ့ USB flash drive တွေ၊ external HDD တွေနဲ့ချိတ်ပြီး အထဲက contact တွေယူပြီး ကြည့်ရုံ အသုံးပြုရုံ ပဲဗျာ၊ အဲဒီ USB OTG ကြိုးတွေကို online store တွေမှာရော၊ ဒီ ဖုန်းဆိုင်(----------------------------------)တွေမှာရော အလွယ်တစ်ကူ ဝယ်ယူ ရရှိနိုင်ပါတယ်ဗျာ
USB OTG တစ်ချို့၏ ပုံစံများ


အဲ မတော်တဆ ဝယ်လို့မရတော့ရင် (ဝယ်မရတဲ့နေရာရောက်နေခဲ့ရင်) ကိုယ့်ဘာသာ ကိုယ်လဲ လုပ်ယူနိုင်ပါတယ်၊
လိုအပ်သည့်ပစ္စည်းများ
(၁)     micro usb data cable
(၂)     normal usb female port
(၃)     wire အတိုအစ
(၄)     ခဲခွေ၊ ခဲဂေါက်၊ ထင်းရှူးဆီ
(၅)     Flat screw driver (မရှိလည်းရပါသည်)
(၆)     Hot glue gun
(၇)     မီးကြိုးတိတ်
(၈)     multimeter
(၉)     ဓါး (paper cutter)
ကျွမ်းကျင်မှု
 အနည်းငယ်ကျွမ်းကျင်မှုရှိရင်ရပါပြီ၊ အဓိက လက်ငြိမ်ဖို့ နဲ့ မျက်စိကောင်းကောင်းမြင်ဖို့ ခဲဆော် တတ်ဖို့သာလိုပါသည်။
ကြာချိန်
မိနစ်အနည်းငယ်
လုပ်ဆောင်ချက်
ပထမဦးစွာ micro usb data cable ကို ယူပါ၊ micro usb ဘက်ခြမ်းကို ဘေးနှစ်ဘက်မှ ဓါးဖြင့် လှီးထုတ်ပါ၊ (အတွင်းမှကြိုးများ မပြတ်သွားစေရန် သတိပြုပါ)။ ပြီးလျှင် micro usb ၏ သတ္တုပြားဘက်မှ flat screw driver ဖြင့် ကလန့်ထုတ်၍ ပလတ်စတစ် ကာဘာများကို လှန်ထုတ်ပါ၊
PS      ပုံတွင်ပြထားသကဲ့သို့ ကြိုးများ ဖြတ်ပစ်ရန်မလိုသေးပါ၊
ပြီးလျှင် အောက်ပါ wiring diagram ကိုသေချာစွာကြည့်ပါ


အရင်တစ်ခေါက် JIG အကြောင်းရေးခဲ့တုံးက micro usb pin layout တွေအကြောင်း မှတ်မိဦးမယ်ထင်ပါတယ်၊ အဲဒီတုံးက pin 4 နဲ့ pin 5 ကို 301k resistor နဲ့ ဆက်ပေးတာမှတ်မိဦးမှာပါ၊ အခုတစ်ခါမှာတော့ pin 4 နဲ့ pin 5 ကို short circuit လုပ်ပေးရမှာပါ၊ နောက်ကျန်တဲ့ wire များကို ပုံပါအတိုင်း multimeter နဲ့တိုင်းပြီး usb female port မှာ Join ပေးပါ၊ အဲဒီအဆင့်မှာ လုံးဝ ကြိုးများ မှားယွင်းလို့မရပါဘူး၊ pin1=Vcc (5V), pin2=data (minus), pin3=data (plus), pin4=ground၊ မှားယွင်းခဲ့ရင် သင့် device မှ usb controller chip လောင်သွားမှာဖြစ်ပါတယ်၊ အဲဒီလို သေသေချာချာ ခဲဆော်ပြီးရင်တော့ ထုံးစံအတိုင်း hot glue gun နဲ့ ခဲဆော်ထားတဲ့နေရာတွေကို ဖို့၊ ပြီးမှ ကျန်တဲ့နေရာတွေကို wire tape နဲ့ပတ် ပြီးရင်တော့ သင့် device မှာ ထိုးပြီး USB OTG အဖြစ် သုံးနိုင်ပါပြီ၊
ဒါက usb female port လေးတွေပါ၊ ဝယ်မရခဲ့ရင် mother board အပျက်များမှလည်းကောင်း၊ အပေါစား usb charger များမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုနိုင်ပါတယ်

စာကြွင်း အခုနောက်ပိုင်းမှာတော့ USB OTG က တရုပ် တက်ဘလက် တစ်ချို့ နဲ့ High end Huawei ဖုန်း တစ်ချို့တွေပါပါလာပါတယ်