Sunday, May 4, 2014

bootable win7 or win8 usb ပြုလုပ်နည်း

 bootable win7 or win8 usb ပြုလုပ်နည်း
ရည်ရွယ်ချက်
dvd drive ကောင်းကောင်း မဖတ်တော့တဲ့ laptop တွေ၊ dvd drive မပါတဲ့ bussiness (high end)

laptop တွေ၊ net book တွေနဲ့ dvd drive ထည့်လေ့မရှိတဲ့ net cafe, game ဆိုင် တွေက desktop

computer တွေအတွက်ပါ
အရင်ဆုံးရှိရမှာက
၁၊ dvd drive အကောင်းအတိုင်း ရှိနေသော win 7 or win တင်ထားသည့် ကွန်ပျူတာ (laptop or

desktop)
၂။ win7 or win8 dvd
၃။ quality မြင့်သော အနည်းဆုံး ၄ဂစ်ဂါဘိုက် ရှိ usb thumb drive တစ်ခု ( recomend 8gb)
အဲဒါလေးတွေ ရှိပြီးရင်တော့

win7 ဆိုရင် start ကို နှိပ် ပေါ်လာတဲ့ search box ထဲမှာ cmd လို့ရိုက် အပေါ်မှာ command






 prompt ပုံတွေ့ရင် right click နှိပ် run as administrator ကိုရွေးပေး၊ dialog box တစ်ခုပေါ်လာရင်

yes ကို နှိပ်ပေး၊
win8 ဆိုရင်တော့ ဘယ်ဘက်ခြမ်းက task bar ပေါ်မှာ right click လုပ်ပီး command promt

(admin) ကိုရွေးပေး
ပီးရင် ဒီလိုလေး ဆက်ရိုက်
diskpart
(၁၅ စက္ကန့် ကြာချင် ကြာတတ်တယ်) microsoft ရဲ့ diskpart utility တက်လာလိမ့်မယ်
diskpart တက်လာပီးရင်
list disk
(ရှိတဲ့ disk drive တွေ တန်းစီ ပီး ပြလိမ့်မယ်၊ usb drive ကို ရှာပါ၊ တခြား ဘာ usb or removable

drive တွေမှ မတပ်ထားပါနဲ့၊ hdd တစ်လုံး တည်း ရှိတဲ့ စက်တွေ ဆို အများအားဖြင့် disk 1

ဖြစ်တတ်ပါတယ်)
select disk (x) (x က ခုနက usb disk No. ပါ)
ပြီးရင် ဒါလေးတွေ အစဉ် အတိုင်း ဆက် ရိုက်သွားပါ

clean

create partition primary
select partition 1
active
format fs=ntfs
(or)
format fs=ntfs quick (ဒါက quick format)
assign
 အဲဒါ ဆိုရင် windows explore မှာ drive အသစ် တွေ့ကြောင်းပြပါလိမ့်မယ်
ပြီးရင်
exit နဲ့ diskpart ကနေ ထွက်ပါ
နောက် ပီး winn7 or win8 dvd ထည့်လိုက်ပါ
cmd prompt ကနေပဲ cd ဆိုပြီး dvd ထဲက boot ကို ပြောင်းလိုက်ပါ
ဥပမာ dvd က G: ဆိုပါတော့
ဒီလို ရိုက်ရမှာပါ
cd G:
cd boot
ပြီးရင်
bootsect.exe /nt60 x:   (x က usb drive ရဲ့ drive letter ပါ)
ပီးရင် cmd ကို ပိတ်ပီး explore ကနေပီး win dvd ထဲကနေ အကုန် ကူးပြီး  usb drive ထဲ

ထည့်ပေးလိုက်ပါ၊
ဒါဆိုရင် bootable windvd လေးရပါပီ