Sunday, February 1, 2015

Thai နိုင်ငံ အတွက်ထုတ်ထားသော iNFONE, F phone, ais Lava များနဲ့ မြန်မာစာ

ZAWGYI version
နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုတ်ထားသော LAVA စီးရီး
အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နိုင်ပါသည်။

For Beginners






Unicode version
KDA ထိုင်း-မြန်မာ အကြံပေးကုမ္ပဏီလီမီတက် နှင့် Global future life holding Co., Ltd တို့မှ consignment (အပ်ကုန်) စနစ်ဖြင့်ရောင်းချ ထားသော iNFONE

နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုုတ်ထားသော LAVA စီးရီး

များမှာလည်း Unicode စနစ် အပြီး ပါပြီး ဖြစ်ပါသည်၊ အကြောင်း အမျိုးမျိုးကြောင့် ဇော်ဂျီ ပြန်ပြောင်းချင်ပါက၊ root လုပ်ပြီး ပြန်ပြောင်းရပါတယ်၊ root လုပ်ရ မခက်ခဲသော်လည်း၊ one click ဖြင့် ဇော်ဂျီ သွင်းသည့် apk များဖြင့် အဆင်မပြေပါ၊ ရှိရင်းစွဲ ယူနီကုဒ် စာလုံးများပါ ပျောက်သွားခြင်း၊ english စာများတွင် ? ? ? များ ဖြစ်သွားခြင်းတို့ ဖြစ်တတ်ပါသည်။

ယူနီကုဒ် အသုံးပြု သူလိုသူများ အနေဖြင့် မည်သို့မျှ ပြုလုပ်ရန်မလိုအပ်ပဲ တိုက်ရိုက် အသုံးပြုနိုင်သော်လည်း ဇော်ဂျီ အသုံးပြုလိုသူ များ အနေဖြင့် ဇော်ဂျီ သို့ ပြန်ပြောင်းရန်လိုအပ်ပါတယ်၊ ထိုကဲ့သို့ ဇော်ဂျီ သို့ ပြန်ပြောင်းအသုံးပြု လိုသူများ အနေဖြင့် old method ဖြစ်သော replace font က အဆိုပါဖုန်းများအတွက် ပိုမိုအဆင်ပြေပါတယ်။ ၄င်း ဖုန်းများတွင် အသုံးပြုထားသော unicode font မှာ padauk.ttf ဖြစ်ပါတယ်၊ ထို့ကြောင့် ဇော်ဂျီ သုံးချင်သူများ အနေဖြင့် smart zawgyi ကို padauk.ttf ဟု rename လုပ်ပြီး font ချိန်း နိုင်ပါတယ်၊

အပြစ်များကတော့ ယခင် မြန်မာ UI စာလုံးပေါင်းများ လွဲကုန်ခြင်း၊ ယူနီကုဒ် site များတွင် ပေါက်ကရများပေါ်ကုန်ခြင်း ဖြစ်သွားပြီး

အကျိုး တရားကတော့ ဇော်ဂျီ (လက်ရှိတွင် အများဆုံးသုံးစွဲ နေဆဲဖြစ်သဖြင့်) site အတော်များများ အဆင်ပြေပြေ ကြည့်ရှု နိုင်ခြင်း

အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နို်င်ပါသည်။

လုပ်နေကြသူများ အဖို့ တော့ အခက်အခဲ မရှိနိုင်ပါသဖြင့် အောက်က အဆင့်များကို ဖတ်ရန်မလိုအပ်ပါ၊

လိုအပ်သောဖိုင်များ ကို အောက်တွင်ဒေါင်းပါ

For Beginners

iNFONE နှင့် F phone များအတွက် root လုပ်ရန်အတွက် vroot (iroot) ကို ဒေါင်းပါ

Ais LAVA series များအတွက် Kingo root ကိုဒေါင်းပါ

Root လုပ်တာကိုတော့ အသေးစိတ် မရှင်းတော့ပါဘူး၊ phone ထဲမှာပဲ root လုပ်ချင်သူတွေကတော့ အောက်က download ပုံလေး နှိပ်ပြီး ဒေါင်းလို့ရတဲ့ အထဲက king root နဲ့ ဖြစ်ဖြစ် rommaster (iroot apk) နဲ့ ဖြစ်ဖြစ် လုပ်လို့ရပါတယ်၊

root လုပ်ပြီးပါက root explore ကို သွင်းပါ၊

ဒေါင်းထားတဲ့ file ကို zip ဖြည်ပြီး ရလာတဲ့ folder ကို sd ကဒ်ထဲ ထည့်ထားပါ

ပြီးရင် root explore ကို ဖွင့်ပါ (အနီ ဝိုင်းပြထားတာ)

storage ထဲက နေ ခုနက ဇစ်ဖြည်ထားတဲ့ folder ထဲက padauk.ttf ကို copy ကူးပါ

နောက် root ဖက်ကို ပြန်သွားပြီး system, font ထဲမှာ သွားပြီး paste လုပ်ပါ



paste (copy here) မလုပ်ခင် font folder ကို rw ကနေ ro ပြောင်းပါ



အပေါ်က ပုံလို warning ပေးလာခဲ့ရင်လည်း yes နှိပ်ပါ

ကောင်းတာကတော့ မူရင်း padauk.ttf ကို အရင် copy လုပ်ပြီး တစ်နေရာမှာ သိမ်းထားပါ၊ အဲဒါမှ နောင်တစ်ချိန် unicode ပြန်ပြောင်းချင်ရင် ပြောင်းလို့ရမှာပါ

ပြီးရင် permission ကို -rw -r -r ပြောင်းပေးရပါမယ်၊ ဒီအဆင့် အရေးကြီးပါတယ်၊ အဲဒီမှာ ပါမစ်ရှစ် မချိန်းခဲ့မိရင် boot loop တတ်လို့ပါ၊ permission ပြောင်းပေးချင်ရင် ပြောင်းချင် file (ဒီမှာတော့ padauk.ttf ပေါ့) ကို ကြာကြာ ဖိထားလိုက်ပြီးရင် ပေါ်လာတဲ့ အထဲကမှ permission ကိုရွေးပေးပါ

အောက်က ပုံလို ပေါ်လာလိမ့်မယ်၊ ဒါမှ မဟုတ်လည်း တခြား ပုံစံ လည်းဖြစ်နိုင်တယ်

အောက်က ပုံလို ချိန်းပေးတာကို -rw -r -r ပေးတာလို့ ခေါ်ပါတယ်

ပြီးရင် back key နဲ့ ပြန်ထွက်၊ ဖုန်းကို restart ချ လိုက် ပြန်တက်လာရင် ZAWGYI ဖြစ်ပါပြီ

အရေးအကြီးဆုံး အချက် permission ကို -rw -r -r ပြောင်းဖို့ မေ့ခဲ့ရင် boot loop  ပတ် သွားပါလိမ့်မယ်။


iNFONE + F Phone မြန်မာစာ

Sunday, May 4, 2014

bootable win7 or win8 usb ပြုလုပ်နည်း

 bootable win7 or win8 usb ပြုလုပ်နည်း
ရည်ရွယ်ချက်
dvd drive ကောင်းကောင်း မဖတ်တော့တဲ့ laptop တွေ၊ dvd drive မပါတဲ့ bussiness (high end)

laptop တွေ၊ net book တွေနဲ့ dvd drive ထည့်လေ့မရှိတဲ့ net cafe, game ဆိုင် တွေက desktop

computer တွေအတွက်ပါ
အရင်ဆုံးရှိရမှာက
၁၊ dvd drive အကောင်းအတိုင်း ရှိနေသော win 7 or win တင်ထားသည့် ကွန်ပျူတာ (laptop or

desktop)
၂။ win7 or win8 dvd
၃။ quality မြင့်သော အနည်းဆုံး ၄ဂစ်ဂါဘိုက် ရှိ usb thumb drive တစ်ခု ( recomend 8gb)
အဲဒါလေးတွေ ရှိပြီးရင်တော့

win7 ဆိုရင် start ကို နှိပ် ပေါ်လာတဲ့ search box ထဲမှာ cmd လို့ရိုက် အပေါ်မှာ command






 prompt ပုံတွေ့ရင် right click နှိပ် run as administrator ကိုရွေးပေး၊ dialog box တစ်ခုပေါ်လာရင်

yes ကို နှိပ်ပေး၊
win8 ဆိုရင်တော့ ဘယ်ဘက်ခြမ်းက task bar ပေါ်မှာ right click လုပ်ပီး command promt

(admin) ကိုရွေးပေး
ပီးရင် ဒီလိုလေး ဆက်ရိုက်
diskpart
(၁၅ စက္ကန့် ကြာချင် ကြာတတ်တယ်) microsoft ရဲ့ diskpart utility တက်လာလိမ့်မယ်
diskpart တက်လာပီးရင်
list disk
(ရှိတဲ့ disk drive တွေ တန်းစီ ပီး ပြလိမ့်မယ်၊ usb drive ကို ရှာပါ၊ တခြား ဘာ usb or removable

drive တွေမှ မတပ်ထားပါနဲ့၊ hdd တစ်လုံး တည်း ရှိတဲ့ စက်တွေ ဆို အများအားဖြင့် disk 1

ဖြစ်တတ်ပါတယ်)
select disk (x) (x က ခုနက usb disk No. ပါ)
ပြီးရင် ဒါလေးတွေ အစဉ် အတိုင်း ဆက် ရိုက်သွားပါ

clean

create partition primary
select partition 1
active
format fs=ntfs
(or)
format fs=ntfs quick (ဒါက quick format)
assign
 အဲဒါ ဆိုရင် windows explore မှာ drive အသစ် တွေ့ကြောင်းပြပါလိမ့်မယ်
ပြီးရင်
exit နဲ့ diskpart ကနေ ထွက်ပါ
နောက် ပီး winn7 or win8 dvd ထည့်လိုက်ပါ
cmd prompt ကနေပဲ cd ဆိုပြီး dvd ထဲက boot ကို ပြောင်းလိုက်ပါ
ဥပမာ dvd က G: ဆိုပါတော့
ဒီလို ရိုက်ရမှာပါ
cd G:
cd boot
ပြီးရင်
bootsect.exe /nt60 x:   (x က usb drive ရဲ့ drive letter ပါ)
ပီးရင် cmd ကို ပိတ်ပီး explore ကနေပီး win dvd ထဲကနေ အကုန် ကူးပြီး  usb drive ထဲ

ထည့်ပေးလိုက်ပါ၊
ဒါဆိုရင် bootable windvd လေးရပါပီ

Sunday, March 23, 2014

Samsung Galaxy S, SII,Tab နှင့် USB On The Go

Samsung Galaxy S, SII,Tab နှင့် USB On The Go
USB OTG (On The Go) ဆိုတာဘာလဲ


USB OTG ကို အကျယ်တော့ မရှင်းတော့ပါဘူးခင်ဗျာ၊ တိုက်ရိုက် ဘာသာပြန်ရရင် သွားလေရာမှာ သုံးလို့ရတဲ့ USB ပေါ့ဗျာ၊ သူက ဘာတွေအလုပ်လုပ်လဲဆိုတော့ မိတ်ဆွေ ခင်ဗျားမှာရှိတဲ့ မျက်နှာပြင်ကြီးမားကျယ်ပြန့်တဲ့ ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေမှာ တစ်ခါတစ်ရံ စာရိုက်ရင်တို့ double tap လုပ်ရင်တို့ အဆင်မပြေ ဖြစ်တတ်တယ်မဟုတ်လား၊ နောက်ပြီး အဓိက က စာရိုက်ရင် တစ်ချို့က touch pad ပေါ်မှာ ရိုက်ရတာ သိပ် feel မလာဘူးဖြစ်တယ်လေ၊ နောက် မောက်စ် သုံးနေကျ လူတွေလည်း tap တို့ double tap သိပ်မလုပ်ချင်ဘူးဗျ၊ click, double click ပဲ လုပ်ချင်တာ၊ နောက်ရှိပါသေးရဲ့ တစ်ချို့ ebook တွေ၊ work တွေ ဖိုင်ဆိုဒ်ကြီးကြီးတွေ ကို ဖုန်းထဲ၊ သင်ပုန်းကွန်ပျူတာထဲ ထည့်မသယ်ချင်တဲ့ သူတွေလည်း ရှိကြမှာ မဟုတ်လား၊ နောက် တစ်ခြား လ၀ ကိစ္စတွေရောပေါ့ဗျာ၊ အဲဒီအခါမှာ USB flash drive တွေထဲထည့် ပြီးရင် laptop နဲ့ ဖုန်း ဒါမှဟုတ် သင်ပုန်းကွန်ပျူတာထဲပြန်ထည့် အလုပ်ရှုပ်တယ်ဟုတ်၊ အဲဒီလိုမဖြစ်ရအောင် USB OTG support ပေးတဲ့ device ဆိုရင် usb ကြိုးလေးနဲ့ချိတ် ပြီးရင်  Keybaoard, mouse နဲ့ဆက်လိုက်ရင် Keybaoard နဲ့စာရိုက် mouse နဲ့ navigate လုပ်ရုံပဲ၊ အဲဒါ့ပြင်မက external disk တွေဖြစ်တဲ့ USB flash drive တွေ၊ external HDD တွေနဲ့ချိတ်ပြီး အထဲက contact တွေယူပြီး ကြည့်ရုံ အသုံးပြုရုံ ပဲဗျာ၊ အဲဒီ USB OTG ကြိုးတွေကို online store တွေမှာရော၊ ဒီ ဖုန်းဆိုင်(----------------------------------)တွေမှာရော အလွယ်တစ်ကူ ဝယ်ယူ ရရှိနိုင်ပါတယ်ဗျာ
USB OTG တစ်ချို့၏ ပုံစံများ


အဲ မတော်တဆ ဝယ်လို့မရတော့ရင် (ဝယ်မရတဲ့နေရာရောက်နေခဲ့ရင်) ကိုယ့်ဘာသာ ကိုယ်လဲ လုပ်ယူနိုင်ပါတယ်၊
လိုအပ်သည့်ပစ္စည်းများ
(၁)     micro usb data cable
(၂)     normal usb female port
(၃)     wire အတိုအစ
(၄)     ခဲခွေ၊ ခဲဂေါက်၊ ထင်းရှူးဆီ
(၅)     Flat screw driver (မရှိလည်းရပါသည်)
(၆)     Hot glue gun
(၇)     မီးကြိုးတိတ်
(၈)     multimeter
(၉)     ဓါး (paper cutter)
ကျွမ်းကျင်မှု
 အနည်းငယ်ကျွမ်းကျင်မှုရှိရင်ရပါပြီ၊ အဓိက လက်ငြိမ်ဖို့ နဲ့ မျက်စိကောင်းကောင်းမြင်ဖို့ ခဲဆော် တတ်ဖို့သာလိုပါသည်။
ကြာချိန်
မိနစ်အနည်းငယ်
လုပ်ဆောင်ချက်
ပထမဦးစွာ micro usb data cable ကို ယူပါ၊ micro usb ဘက်ခြမ်းကို ဘေးနှစ်ဘက်မှ ဓါးဖြင့် လှီးထုတ်ပါ၊ (အတွင်းမှကြိုးများ မပြတ်သွားစေရန် သတိပြုပါ)။ ပြီးလျှင် micro usb ၏ သတ္တုပြားဘက်မှ flat screw driver ဖြင့် ကလန့်ထုတ်၍ ပလတ်စတစ် ကာဘာများကို လှန်ထုတ်ပါ၊
PS      ပုံတွင်ပြထားသကဲ့သို့ ကြိုးများ ဖြတ်ပစ်ရန်မလိုသေးပါ၊
ပြီးလျှင် အောက်ပါ wiring diagram ကိုသေချာစွာကြည့်ပါ


အရင်တစ်ခေါက် JIG အကြောင်းရေးခဲ့တုံးက micro usb pin layout တွေအကြောင်း မှတ်မိဦးမယ်ထင်ပါတယ်၊ အဲဒီတုံးက pin 4 နဲ့ pin 5 ကို 301k resistor နဲ့ ဆက်ပေးတာမှတ်မိဦးမှာပါ၊ အခုတစ်ခါမှာတော့ pin 4 နဲ့ pin 5 ကို short circuit လုပ်ပေးရမှာပါ၊ နောက်ကျန်တဲ့ wire များကို ပုံပါအတိုင်း multimeter နဲ့တိုင်းပြီး usb female port မှာ Join ပေးပါ၊ အဲဒီအဆင့်မှာ လုံးဝ ကြိုးများ မှားယွင်းလို့မရပါဘူး၊ pin1=Vcc (5V), pin2=data (minus), pin3=data (plus), pin4=ground၊ မှားယွင်းခဲ့ရင် သင့် device မှ usb controller chip လောင်သွားမှာဖြစ်ပါတယ်၊ အဲဒီလို သေသေချာချာ ခဲဆော်ပြီးရင်တော့ ထုံးစံအတိုင်း hot glue gun နဲ့ ခဲဆော်ထားတဲ့နေရာတွေကို ဖို့၊ ပြီးမှ ကျန်တဲ့နေရာတွေကို wire tape နဲ့ပတ် ပြီးရင်တော့ သင့် device မှာ ထိုးပြီး USB OTG အဖြစ် သုံးနိုင်ပါပြီ၊
ဒါက usb female port လေးတွေပါ၊ ဝယ်မရခဲ့ရင် mother board အပျက်များမှလည်းကောင်း၊ အပေါစား usb charger များမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုနိုင်ပါတယ်

စာကြွင်း အခုနောက်ပိုင်းမှာတော့ USB OTG က တရုပ် တက်ဘလက် တစ်ချို့ နဲ့ High end Huawei ဖုန်း တစ်ချို့တွေပါပါလာပါတယ်

Wednesday, December 18, 2013

zapya  ဆိုတာကတော့ အထူး မပြောတော့ပါဘူး ဒါလေး က PC မှာ သုံးလို့ရတဲ့ zapya ပါ၊ တစ်ခု ထူးခြားတာက အင်တာနက်ပါ ရှယ်ယာ လုပ်သုံးလို့ရတာပါပဲ၊ လောလောဆယ်တော့ win7 x64 ပေါ်မှာတောင် အဆင်ပြေတယ်ဗျာ

http://adf.ly/atNYj

 

Saturday, December 14, 2013

samsung GT n5100 Galaxy note 8.0 နှင့်မြန်မာစာ

Galaxy Note 8.0 ကို မြန်စာ (မြန်မာ langauge) နှင့် မြန်မာ ကီးဘုတ် (samsung ရဲ့ ကိုယ်ပိုင် မြန်မာ keyboard ပါ) ထည့်ကြည့်ရအောင်ဗျာ






အရင်ဆုံးလိုအပ်တာက
vroot နောက်ဆုံး version 
နောက် root explorer
နောက် zawgyi 2008.ttf (တခြား လက်ရှိ font များနှင့် အဆင်ပြေ မပြေ ကို မသိရပါ)
နောက် samsung original keyboard (for myanmar langauge setting)
နောက် langauge.xml
 vroot ကလွဲရင် ကျန်တာ အကုန်လုံးကို ဒီမှာ စုထားပါတယ်
အရင်ဆုံး မိမိ  note 8.0 ကို ထုံးစံအတိုင်း unknown source  ကို အမှတ်ပေးထားရပါတယ်။
unknown source ကတော့ setting,security မှာပါ
နောက် developer option ကိုလည်း on ထားရပါမယ်၊ developer option ကို ရှာမတွေ့ရင် setting, about device,ထဲက build No. ကို (၇) ခုနှစ် ချက်  တို့ပါ၊ ပီးရင် developer option ပေါ်လာ တာတွေ့ရပါလိမ့်မယ်။
အဲဒါလေးတွေ လုပ်ပီးသွားရင် ခုနက ဒေါင်းထားတဲ့ vroot အင်စတောလုပ်ပီးရင် ဖွင့်၊ ခဏစောင့်နေရင် gt-n5100 ဆိုပီးပေါ်လာလိမ့်မယ် အဲဒီအခါမှ ညာဘက်အောက် အစွန်က အစိမ်းလေးကို နှိပ်၊ ခဏစောင့် လိုက်ရင် သူ့ဘာသာ အော်တို ရီစတတ် ဖြစ်သွားပါလိမ့်မယ်၊ ပြန်တက်လာရင် root process ပြီးဆုံးပါပြီ၊
ဆက်ပီးတော့ကာ နောက်ထပ်ဒေါင်းထားတဲ့ root explorer ကို note မှာ အင်စတောလုပ်၊ langauge.xml နဲ့ zawgyi 2008.ttf ကို အမည်ပြောင်းထားတဲ့ driodsanfallback.ttf ကို internal storage ထဲ ကူးထည့်၊ root explore ကို ဖွင့် super user request တောင်းရင် allowed ကို ပေးပါ၊ နောက်ပီး driosanfallback.ttf ကို copy လုပ်၊ root,system, font ထဲကိုသွား root explorer အပေါ်နားလေးက r/w ကို နှိပ်ပီး r/o လို့ ပြောင်းပေးပါ၊ root access တောင်းရင် allowed ပေးလိုက်ပါ၊ အဲဒီမှာ ခုနက copy လုပ်ထားတဲ့ driodsanfallback.ttf ကို paste လုပ်ပါ၊ နောက်ပီး အဲဒီ font file ပေါ်မှာ ခပ်ကြာကြာလေး ဖိထားလိုက်ရင် ပေါ်လာတဲ့ pop up တွေထဲက permission ကို ရွေးပါ၊ permission မှာ ရှေ့ဆုံးက သုံးခု စလုံးကို ဒေါင်လိုက်အတိုင်း အမှန်ခြစ်ပေးပါ၊ နောက် ဒုတိယ တစ်ခုကို အပေါ်ဆုံး တစ်ခု အမှန်ခြစ်ပေးပါ၊ အဲလိုလုပ်ပေးတာကို -rw -r -r လုပ်ပေးတယ်လို့ခေါ်ပါတယ်၊ (read/write, read, read ) လုပ်ပေးတာပါ။
 နောက်ပီးရင်တော့ langauge.xml ဖိုင်ကိုလည်း copy ကူးပါ၊ system,csc  ထဲမှာ သွားပီး paste လုပ်ပေးပါ၊ အပေါ်က အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  ပေးတာတို့ လုပ်ပါ၊
နောက် အခုတစ် နောက်ဆုံး ကျန်တဲ့ my_zw.zip file လေးကိုလည်း system,sipdb ထဲ မှာ သွား ထည့်ပေးလိုက်ပါ အပေါ်က လုပ်ခဲ့ တဲ့ အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  တာတွေ ကို ပြန်လုပ်ပေးပါ၊ -rw -r -r ပြန်ပေးဖို့ လုံးဝ မမေ့ပါနဲ့၊ အဲဒါလေး မေ့သွားခဲ့ရင်တော့ firmware ပြန်တင်ရပါလိမ့်မယ်၊ ဒါတွေအားလုံး ပီးရင် restart လုပ်လိုက်ပါတော့ ပြန်တက်လာရင် setting, langauge and input method ထဲမှာ burmese ဆိုတာလေး ထပ်တိုးလာတာ တွေ့ရပါလမ့်မယ်၊ အဲဒါလေး ကို ရွေးလိုက်ပါ၊ နောက် keyboard မှာ samsung keyboard ကိုပဲရွေးပေးပါ၊ ဘေးနားက setting (ခွေးသွားစိတ် (ပင်နယံပုံ) ကိုနှိပ်လိုက်ပါ၊ အဲဒီ ထဲမှာ myanmar (zawgyi) နဲ့ english ကို ရွေးပေးပါ၊ နောက်ပီး စာ စမ်းရိုက်ကြည့်ပါ၊ langauge change ချင်ရင်တော့ space bar ကို ပွတ်ဆွဲ လိုက် ရင် english-myanmar အလွယ်တစ်ကူး ချိန်းလို့ရပါပီ
အဲ တစ်ချို့ မြန်မာ စာတွေတော့ နည်းနည်းလေး လွဲတာပေါ့နော့်

မှီငြမ်း ကိုးကား DJJOE MAN

Monday, December 2, 2013

Win 7 WGA error ဖြေရှင်းနည်း

ဒါလေးကတော့ ဖုန်းနဲ့ တော့ မဆိုင်တေ့ဘူးဗျာ
အဲမဆိုင်ပေမယ့် လည်းဆိုင်တယ်ဗျ၊ ဗျာ နားရှုပ်သွားလား ဒီလိုပါ၊ ဖုန်း နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဖုန်းသုံးတဲ့သူ အတော်များများဟာ ကွန်ပျူတာ သုံးကြတယ်မဟုတ်လား၊ ဖုန်း နဲ့ ကွန်ပျူတာ ချိတ်ပီး ဟိုဟာဒီဟာတွေ လုပ်ကြတယ်လေနော့၊
အဲ ကွန်ပျူတာ သုံးတဲ့သူ အတော်များများ ကလည်း ဝင်းဒိုး ကို အဓိက သုံးကြတာလေနော့၊ အဲဝင်းဒိုးကို လိုင်စင်နဲ့ ဝယ်သုံး နိုင်တဲ့ သထိန်းတွေကတော့ မလိုပါဘူး၊ ကျွန်တော်တို့လို ပိုင်းရိတ် ပဲသုံးနိုင်တဲ့သူတွေပေါ့ဗျာ၊ update ဖွင့်ထားလို့ပဲ ဖြစ်ဖြစ်၊ update လုပ်မိလို့ပဲဖြစ်ဖြစ် WGA (ဝင်းဒိုး ခိုးသုံးတာ) မိသွားရင်ပေါ့ဗျာ ကျွန်တော်ကတော့ ဒါလေးတွေနဲ့ ရှင်းတယ်ဗျ
1 .net ကတော့ ရှိပီးသား သူတွေတော့ မလိုပါဘူး မရှိသေးတဲ့သူတွေက ဒေါင်းပါ (.net4 ပါ)
2 hal7600.exe တဲ့ ဒီကောင်က Loader တွေနဲ့တော့ မတူပါဘူး၊ windows registery ထဲ ထိ ဝင်ရှင်းပေးတာပါ (hal7600.exe)
3. နံပါတ် 2 နဲ့ မနိုင်တော့တဲ့ အခါကျရင် သုံးဖို့ က (win 7 activator)
 အော် ပြောစရာ ကျန်သွားတယ်၊ ၁ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ကျသွားလိမ့်မယ်၊ နောက် ၂ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ထပ်ကျသွားလိမ့်မယ်၊ ပြန်တက်လာတာနဲ့ အက်တီဗိတ် ဖြစ်ပီးသား win7 ရပါပီ၊
တစ်ခုတော့ ရှိတယ်နော် အန်တီ ဗိုင်းရပ်တွေ ခဏပိတ်ပေးရမယ်၊
အဲ ၂ နဲ့ လုံးဝ မနိုင်တော့ရင် ၃ ကို သုံးပီး အင်စတော လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ခုချိန် ထိ အဆင်ပြေနေပါတယ်ခင်ဗျာ
win ver အားလုံး 32 ရော 64 ပါ ရပါတယ်ခင်ဗျာ

Sunday, December 1, 2013

ဒါက နောက်ထပ် gapp installer ပါ

ဒီ Gapp installer  ကိုတော့ ကိုကျော်စွာသွင် ကရေးထားတာပါ
၆၆မက်တောင် ဆိုတော့ နည်းနည်းတော့ များပါတယ်၊
သူ့ရဲ့ page မှာတော့ ဒီလို ရေးထားပါတယ်ခင်ဗျာ

Android Version 2.3.3 မှ 4.3 အထိ ထည့်သွင်းနိုင်မည့် Smart GApps APK ထွက်ရှိ...
ဒီ APK လေးကတော့ Gmail, Talk နဲ့ Google Play Store ထည့်သွင်းဖို့အတွက်ပါ...
Goo.im မှ GApps များကို အခြေခံထားတဲ့အတွက် Error အနည်းဆုံးဖြစ်မှာပါ...
2.3.5-7 အတွက် gapps-gb-20110828-signed.zip
4.0.3-4 အတွက် gapps-ics-20120429-signed.zip
4.1.x အတွက် gapps-jb-20121011-signed.zip
4.2.2 အတွက် gapps-jb-20130812-signed.zip
4.3.0 အတွက် gapps-jb-20130813-signed.zip
တို့ကို သုံးထားပါတယ်...
4.1.1 နဲ့ 4.2.1 တို့မှာမသုံးပါနဲ့... ဒီဗားရှင်းမှာ အဲ့ကောင်တွေ ထည့်မထားပါဘူး... Talk နဲ့အဆင်မပြေရင် Hangouts ပြောင်းသုံးဖို့အကြံပြုချင်ပါတယ်...

http://www.mediafire.com/download/qv01f5j3noow48f/Smart+GApps+v1.0.apk

http://d-h.st/ZcC

Saturday, November 30, 2013

Gapp Installer for andriod ver 4.2.1 from MMSD

Gapp Installer By Phyo Chan
ဒီ apk လေးကိုတော့ MMSD မှ developer ဖြိုးချမ်းမှ ထုတ်ဝေထားတာဖြစ်ပါတယ်
ဒါက သူရေးထားတဲ့အတိုင်း ပြန်ကူးလာတာပါခင်ဗျ 
 
4.2.1 MMSD Google App Installer

Android version 4.2.1 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို MMSD ကနေ Free မျှဝေလိုက်ပါတယ်။

     ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။ Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး၊ ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်း ထည့်သွင်းထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။ မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။
      Install Now ဆိုတဲ့ Function ကတော့ Android version 4.1 မှာသာ အသုံးပြုနိုင်ပြီး Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။ 14Mb သာသာ ရှိတဲ့  Apk လေးဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူပါတယ်။ ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။ ဒီ App ကို တိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။
Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။
 
 Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ
 ဒီမှာဒေါင်းပါ


ဖြိုးချမ်း
4.2.1 MMSD Google App Installer


Android version 4.2.1 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို

 

MMSD ကနေ Free မျှဝေလိုက်ပါတယ်။

 

ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။

 

Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး

 

ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်းထည့်သွင်းထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။

မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။

 

Install Now ဆိုတဲ့ Function ကတော့ Android version 4.1 မှာသာ အသုံးပြုနိုင်ပြီး

 

Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။

 

14Mb သာသာ ရှိတဲ့ Apk လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။

 

ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။

 

ဒီ App ကိုတိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။

 

Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး =D

 

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။

 

ဒီမှာဒေါင်းပါ။

 

 

https://play.google.com/store/apps/details?id=com.phyochan.fourtwoonegapp

 

Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ ဒီမှာဒေါင်းပါ =D



 http://www.myanmarmobilesoftwaredeveloper.com/?p=9253


ဖြိုးချမ်း

Myanmar First Aid App

မောင် စီစဉ်လင်း ရဲ့ very first app လေးပါဗျာ အားပေးပါဦး FOC ပါခင်ဗျ
သူကတော့ ဒီလိုလေး သူ့ Timeline မှာရေးထားတယ်ခင်ဗျ
 
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ကျနော့်ရဲ့ ပထမဦးဆုံး app လေးဖြစ်တဲ့ Myanmar First Aid ကို App Store မှာ ဒီနေ့ Free download ရယူနိုင်ပါပြီခင်ဗျာ..

https://itunes.apple.com/au/app/mm-first-aid/id745004888?mt=8

App Store မှာ "MM First Aid" လို့ရှာလို့ရပါတယ်။ အစစအရာရာ ကူညီပေးခဲ့တဲ့ Initial Studio မှ ကိုဇော်မင်းစိုးကို ကျေးဇူးအထူးတင်ပါတယ်..။ မြန်မာ app လောကမှာ မရှိမဖြစ်လိုအပ်နေတဲ့ app လေးတစ်ခုထင်လို့ထုတ်ဝေလိုက်ပါတယ်။ ဒီထဲကစာတွေ အကုန်လုံး ကို ဒေါက်တာတင့်ဆွေ ရေးသားထားတဲ့ Blog ကနေပြီးတော့ ကူးယူဖော်ပြထားပါတယ်ခင်ဗျ။ CPR, ABCD, Fainting, Choking, Burns, Bleeding စတဲ့ အပိုင်းတွေသာမက အခြားသော ရှေးဦးသူနာပြုစုနည်းတွေကို ထည့်ပေးထားပါတယ်။

Sezin Lynn