Wednesday, December 18, 2013

zapya  ဆိုတာကတော့ အထူး မပြောတော့ပါဘူး ဒါလေး က PC မှာ သုံးလို့ရတဲ့ zapya ပါ၊ တစ်ခု ထူးခြားတာက အင်တာနက်ပါ ရှယ်ယာ လုပ်သုံးလို့ရတာပါပဲ၊ လောလောဆယ်တော့ win7 x64 ပေါ်မှာတောင် အဆင်ပြေတယ်ဗျာ

http://adf.ly/atNYj

 

Saturday, December 14, 2013

samsung GT n5100 Galaxy note 8.0 နှင့်မြန်မာစာ

Galaxy Note 8.0 ကို မြန်စာ (မြန်မာ langauge) နှင့် မြန်မာ ကီးဘုတ် (samsung ရဲ့ ကိုယ်ပိုင် မြန်မာ keyboard ပါ) ထည့်ကြည့်ရအောင်ဗျာ






အရင်ဆုံးလိုအပ်တာက
vroot နောက်ဆုံး version 
နောက် root explorer
နောက် zawgyi 2008.ttf (တခြား လက်ရှိ font များနှင့် အဆင်ပြေ မပြေ ကို မသိရပါ)
နောက် samsung original keyboard (for myanmar langauge setting)
နောက် langauge.xml
 vroot ကလွဲရင် ကျန်တာ အကုန်လုံးကို ဒီမှာ စုထားပါတယ်
အရင်ဆုံး မိမိ  note 8.0 ကို ထုံးစံအတိုင်း unknown source  ကို အမှတ်ပေးထားရပါတယ်။
unknown source ကတော့ setting,security မှာပါ
နောက် developer option ကိုလည်း on ထားရပါမယ်၊ developer option ကို ရှာမတွေ့ရင် setting, about device,ထဲက build No. ကို (၇) ခုနှစ် ချက်  တို့ပါ၊ ပီးရင် developer option ပေါ်လာ တာတွေ့ရပါလိမ့်မယ်။
အဲဒါလေးတွေ လုပ်ပီးသွားရင် ခုနက ဒေါင်းထားတဲ့ vroot အင်စတောလုပ်ပီးရင် ဖွင့်၊ ခဏစောင့်နေရင် gt-n5100 ဆိုပီးပေါ်လာလိမ့်မယ် အဲဒီအခါမှ ညာဘက်အောက် အစွန်က အစိမ်းလေးကို နှိပ်၊ ခဏစောင့် လိုက်ရင် သူ့ဘာသာ အော်တို ရီစတတ် ဖြစ်သွားပါလိမ့်မယ်၊ ပြန်တက်လာရင် root process ပြီးဆုံးပါပြီ၊
ဆက်ပီးတော့ကာ နောက်ထပ်ဒေါင်းထားတဲ့ root explorer ကို note မှာ အင်စတောလုပ်၊ langauge.xml နဲ့ zawgyi 2008.ttf ကို အမည်ပြောင်းထားတဲ့ driodsanfallback.ttf ကို internal storage ထဲ ကူးထည့်၊ root explore ကို ဖွင့် super user request တောင်းရင် allowed ကို ပေးပါ၊ နောက်ပီး driosanfallback.ttf ကို copy လုပ်၊ root,system, font ထဲကိုသွား root explorer အပေါ်နားလေးက r/w ကို နှိပ်ပီး r/o လို့ ပြောင်းပေးပါ၊ root access တောင်းရင် allowed ပေးလိုက်ပါ၊ အဲဒီမှာ ခုနက copy လုပ်ထားတဲ့ driodsanfallback.ttf ကို paste လုပ်ပါ၊ နောက်ပီး အဲဒီ font file ပေါ်မှာ ခပ်ကြာကြာလေး ဖိထားလိုက်ရင် ပေါ်လာတဲ့ pop up တွေထဲက permission ကို ရွေးပါ၊ permission မှာ ရှေ့ဆုံးက သုံးခု စလုံးကို ဒေါင်လိုက်အတိုင်း အမှန်ခြစ်ပေးပါ၊ နောက် ဒုတိယ တစ်ခုကို အပေါ်ဆုံး တစ်ခု အမှန်ခြစ်ပေးပါ၊ အဲလိုလုပ်ပေးတာကို -rw -r -r လုပ်ပေးတယ်လို့ခေါ်ပါတယ်၊ (read/write, read, read ) လုပ်ပေးတာပါ။
 နောက်ပီးရင်တော့ langauge.xml ဖိုင်ကိုလည်း copy ကူးပါ၊ system,csc  ထဲမှာ သွားပီး paste လုပ်ပေးပါ၊ အပေါ်က အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  ပေးတာတို့ လုပ်ပါ၊
နောက် အခုတစ် နောက်ဆုံး ကျန်တဲ့ my_zw.zip file လေးကိုလည်း system,sipdb ထဲ မှာ သွား ထည့်ပေးလိုက်ပါ အပေါ်က လုပ်ခဲ့ တဲ့ အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  တာတွေ ကို ပြန်လုပ်ပေးပါ၊ -rw -r -r ပြန်ပေးဖို့ လုံးဝ မမေ့ပါနဲ့၊ အဲဒါလေး မေ့သွားခဲ့ရင်တော့ firmware ပြန်တင်ရပါလိမ့်မယ်၊ ဒါတွေအားလုံး ပီးရင် restart လုပ်လိုက်ပါတော့ ပြန်တက်လာရင် setting, langauge and input method ထဲမှာ burmese ဆိုတာလေး ထပ်တိုးလာတာ တွေ့ရပါလမ့်မယ်၊ အဲဒါလေး ကို ရွေးလိုက်ပါ၊ နောက် keyboard မှာ samsung keyboard ကိုပဲရွေးပေးပါ၊ ဘေးနားက setting (ခွေးသွားစိတ် (ပင်နယံပုံ) ကိုနှိပ်လိုက်ပါ၊ အဲဒီ ထဲမှာ myanmar (zawgyi) နဲ့ english ကို ရွေးပေးပါ၊ နောက်ပီး စာ စမ်းရိုက်ကြည့်ပါ၊ langauge change ချင်ရင်တော့ space bar ကို ပွတ်ဆွဲ လိုက် ရင် english-myanmar အလွယ်တစ်ကူး ချိန်းလို့ရပါပီ
အဲ တစ်ချို့ မြန်မာ စာတွေတော့ နည်းနည်းလေး လွဲတာပေါ့နော့်

မှီငြမ်း ကိုးကား DJJOE MAN

Monday, December 2, 2013

Win 7 WGA error ဖြေရှင်းနည်း

ဒါလေးကတော့ ဖုန်းနဲ့ တော့ မဆိုင်တေ့ဘူးဗျာ
အဲမဆိုင်ပေမယ့် လည်းဆိုင်တယ်ဗျ၊ ဗျာ နားရှုပ်သွားလား ဒီလိုပါ၊ ဖုန်း နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဖုန်းသုံးတဲ့သူ အတော်များများဟာ ကွန်ပျူတာ သုံးကြတယ်မဟုတ်လား၊ ဖုန်း နဲ့ ကွန်ပျူတာ ချိတ်ပီး ဟိုဟာဒီဟာတွေ လုပ်ကြတယ်လေနော့၊
အဲ ကွန်ပျူတာ သုံးတဲ့သူ အတော်များများ ကလည်း ဝင်းဒိုး ကို အဓိက သုံးကြတာလေနော့၊ အဲဝင်းဒိုးကို လိုင်စင်နဲ့ ဝယ်သုံး နိုင်တဲ့ သထိန်းတွေကတော့ မလိုပါဘူး၊ ကျွန်တော်တို့လို ပိုင်းရိတ် ပဲသုံးနိုင်တဲ့သူတွေပေါ့ဗျာ၊ update ဖွင့်ထားလို့ပဲ ဖြစ်ဖြစ်၊ update လုပ်မိလို့ပဲဖြစ်ဖြစ် WGA (ဝင်းဒိုး ခိုးသုံးတာ) မိသွားရင်ပေါ့ဗျာ ကျွန်တော်ကတော့ ဒါလေးတွေနဲ့ ရှင်းတယ်ဗျ
1 .net ကတော့ ရှိပီးသား သူတွေတော့ မလိုပါဘူး မရှိသေးတဲ့သူတွေက ဒေါင်းပါ (.net4 ပါ)
2 hal7600.exe တဲ့ ဒီကောင်က Loader တွေနဲ့တော့ မတူပါဘူး၊ windows registery ထဲ ထိ ဝင်ရှင်းပေးတာပါ (hal7600.exe)
3. နံပါတ် 2 နဲ့ မနိုင်တော့တဲ့ အခါကျရင် သုံးဖို့ က (win 7 activator)
 အော် ပြောစရာ ကျန်သွားတယ်၊ ၁ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ကျသွားလိမ့်မယ်၊ နောက် ၂ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ထပ်ကျသွားလိမ့်မယ်၊ ပြန်တက်လာတာနဲ့ အက်တီဗိတ် ဖြစ်ပီးသား win7 ရပါပီ၊
တစ်ခုတော့ ရှိတယ်နော် အန်တီ ဗိုင်းရပ်တွေ ခဏပိတ်ပေးရမယ်၊
အဲ ၂ နဲ့ လုံးဝ မနိုင်တော့ရင် ၃ ကို သုံးပီး အင်စတော လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ခုချိန် ထိ အဆင်ပြေနေပါတယ်ခင်ဗျာ
win ver အားလုံး 32 ရော 64 ပါ ရပါတယ်ခင်ဗျာ

Sunday, December 1, 2013

ဒါက နောက်ထပ် gapp installer ပါ

ဒီ Gapp installer  ကိုတော့ ကိုကျော်စွာသွင် ကရေးထားတာပါ
၆၆မက်တောင် ဆိုတော့ နည်းနည်းတော့ များပါတယ်၊
သူ့ရဲ့ page မှာတော့ ဒီလို ရေးထားပါတယ်ခင်ဗျာ

Android Version 2.3.3 မှ 4.3 အထိ ထည့်သွင်းနိုင်မည့် Smart GApps APK ထွက်ရှိ...
ဒီ APK လေးကတော့ Gmail, Talk နဲ့ Google Play Store ထည့်သွင်းဖို့အတွက်ပါ...
Goo.im မှ GApps များကို အခြေခံထားတဲ့အတွက် Error အနည်းဆုံးဖြစ်မှာပါ...
2.3.5-7 အတွက် gapps-gb-20110828-signed.zip
4.0.3-4 အတွက် gapps-ics-20120429-signed.zip
4.1.x အတွက် gapps-jb-20121011-signed.zip
4.2.2 အတွက် gapps-jb-20130812-signed.zip
4.3.0 အတွက် gapps-jb-20130813-signed.zip
တို့ကို သုံးထားပါတယ်...
4.1.1 နဲ့ 4.2.1 တို့မှာမသုံးပါနဲ့... ဒီဗားရှင်းမှာ အဲ့ကောင်တွေ ထည့်မထားပါဘူး... Talk နဲ့အဆင်မပြေရင် Hangouts ပြောင်းသုံးဖို့အကြံပြုချင်ပါတယ်...

http://www.mediafire.com/download/qv01f5j3noow48f/Smart+GApps+v1.0.apk

http://d-h.st/ZcC

Saturday, November 30, 2013

Gapp Installer for andriod ver 4.2.1 from MMSD

Gapp Installer By Phyo Chan
ဒီ apk လေးကိုတော့ MMSD မှ developer ဖြိုးချမ်းမှ ထုတ်ဝေထားတာဖြစ်ပါတယ်
ဒါက သူရေးထားတဲ့အတိုင်း ပြန်ကူးလာတာပါခင်ဗျ 
 
4.2.1 MMSD Google App Installer

Android version 4.2.1 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို MMSD ကနေ Free မျှဝေလိုက်ပါတယ်။

     ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။ Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး၊ ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်း ထည့်သွင်းထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။ မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။
      Install Now ဆိုတဲ့ Function ကတော့ Android version 4.1 မှာသာ အသုံးပြုနိုင်ပြီး Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။ 14Mb သာသာ ရှိတဲ့  Apk လေးဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူပါတယ်။ ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။ ဒီ App ကို တိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။
Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။
 
 Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ
 ဒီမှာဒေါင်းပါ


ဖြိုးချမ်း
4.2.1 MMSD Google App Installer


Android version 4.2.1 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို

 

MMSD ကနေ Free မျှဝေလိုက်ပါတယ်။

 

ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။

 

Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး

 

ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်းထည့်သွင်းထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။

မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။

 

Install Now ဆိုတဲ့ Function ကတော့ Android version 4.1 မှာသာ အသုံးပြုနိုင်ပြီး

 

Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။

 

14Mb သာသာ ရှိတဲ့ Apk လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။

 

ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။

 

ဒီ App ကိုတိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။

 

Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး =D

 

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။

 

ဒီမှာဒေါင်းပါ။

 

 

https://play.google.com/store/apps/details?id=com.phyochan.fourtwoonegapp

 

Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ ဒီမှာဒေါင်းပါ =D



 http://www.myanmarmobilesoftwaredeveloper.com/?p=9253


ဖြိုးချမ်း

Myanmar First Aid App

မောင် စီစဉ်လင်း ရဲ့ very first app လေးပါဗျာ အားပေးပါဦး FOC ပါခင်ဗျ
သူကတော့ ဒီလိုလေး သူ့ Timeline မှာရေးထားတယ်ခင်ဗျ
 
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ကျနော့်ရဲ့ ပထမဦးဆုံး app လေးဖြစ်တဲ့ Myanmar First Aid ကို App Store မှာ ဒီနေ့ Free download ရယူနိုင်ပါပြီခင်ဗျာ..

https://itunes.apple.com/au/app/mm-first-aid/id745004888?mt=8

App Store မှာ "MM First Aid" လို့ရှာလို့ရပါတယ်။ အစစအရာရာ ကူညီပေးခဲ့တဲ့ Initial Studio မှ ကိုဇော်မင်းစိုးကို ကျေးဇူးအထူးတင်ပါတယ်..။ မြန်မာ app လောကမှာ မရှိမဖြစ်လိုအပ်နေတဲ့ app လေးတစ်ခုထင်လို့ထုတ်ဝေလိုက်ပါတယ်။ ဒီထဲကစာတွေ အကုန်လုံး ကို ဒေါက်တာတင့်ဆွေ ရေးသားထားတဲ့ Blog ကနေပြီးတော့ ကူးယူဖော်ပြထားပါတယ်ခင်ဗျ။ CPR, ABCD, Fainting, Choking, Burns, Bleeding စတဲ့ အပိုင်းတွေသာမက အခြားသော ရှေးဦးသူနာပြုစုနည်းတွေကို ထည့်ပေးထားပါတယ်။

Sezin Lynn

iOS 7 myanmar fonts ကို jail break မလုပ်ပဲ ထဲ့နည်း

iOS 7 myanmar fonts ကို jail break မလုပ်ပဲ ထဲ့နည်းကို မောင် စီစဉ်လင်း မှ

   Myanmar Mobile Users Club တွင်ရေးသားဖေါ်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ

Install Zawgyi-Font on iOS 7 without jailbreaking......

1. Go to this link from iOS7 device
https://www.dropbox.com/s/zugfuz6n6u6dpwj/ZawgyiOne.mobileconfig
2. Download
3. It just works!


Zawgyi-Ghost Font on iOS 7 without Jailbreaking

1.Open http://cl.ly/311I2y3T0t2w in mobileSafari
2.Click download
3.Click Install

MPT Service v1.1(Offical)

MMSD founder တစ်ယောက်ဖြစ်တဲ့ Developer ဖြိုးချမ်း ရဲ့

MPT Service v1.1(Offical) ဖြစ်ပါတယ်။

မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။

ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း

CDMA ငွေဖြည့်နိုင်ခြင်း
GSM Internet လျှောက်ထားနိုင်ခြင်း
GSM Internet Setting ချိန်နည်းပါရှိခြင်း
GSM Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM Call Forward Service လျှောက်ထားနိုင်ခြင်း
GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM Voice Mail လျှောက်ထားနိုင်ခြင်း
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။

App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။ Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။ Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.phyochan.mptservice

Play Store ကနေ မဒေါင်းနိုင်သူများ

ဒီမှာဒေါင်းပါ။
 

Friday, November 29, 2013

စိတ်ပျက်ပ မပုတုရယ်

စိတ်ပျက်ပ မပုတုရယ်

ဟုတ်ကဲ့ ကျွန်တော် ခုနက တင်ပေးခဲ့တဲ့ မပုတု ရဲ့ VAS service တွေအကြောင်းကို ပြည် က Thu Rein ဆိုတဲ့ လူက စိတ်ပျက်လက်ပျက် နဲ့ ခုလိုပြောလာပါတယ်၊ အမှန်ကတော့ ကျွန်တော်ရော တခြားသူတွေပါ ပြောချင်နေတဲ့ စကားတွေလို့ ထင်ပါတယ် ၊ ကဲ ဖတ်လိုက်ကြရအောင်ဗျာ၊

ကျနော် MPT နဲ့ ဘာမှ မဆိုင်တဲ့ အပြင်လူပါ။ ငပိန်းတစ်ယောက်ပါ။ ငပိန်းတစ်ယောက်က မပုတုလို့ခေါ်တဲ့ MPT ကို ဒီနေ့ စိတ်ပျက်မိတာလေး ရေးပါရစေ။ အချက်အလက်တွေ မှားနိုင်ပါတယ်။ မှားနေတာတွေ့ရင် ပြင်ပေးသွားကြပါခည :D



မပုတုရဲ့ VAS ( Value Added Services ) တွေ ဘယ်လို Activate လုပ်ရမယ် ဆိုတာနဲ့ တစ်လဘယ်လောက်ကျမယ် ဆိုတာတော့ အပေါ်က ပုံထဲမှာ ပါတဲ့အတိုင်း ထွက်ရှိလို့ လာပါပီ။

အဓိကအားဖြင့် ဆားဗစ် ၄ မျိုး ရှိတာ တွေ့ရပါတယ်။ အဲဒီ ၄ ခုကို အရင် ရှင်းပါမယ်။ နောက်မှ မပုတု အသုံးမကျတာ ပြောပါမယ်။

CW ( Call Waiting ) - ကို Second Call လို့လဲ လူတွေ သိကြပါတယ်။ ဖုန်းပြောနေတဲ့အချိန် တစ်ခြားဖုန်းတစ်လုံးက ကိုယ့်ကို ခေါ်ရင် ပြောလက်စ ဖုန်းကို ခန Hold ( ကိုင်ခိုင်းထား ) ပြီး နောက်ဝင်လာတဲ့ဖုန်းနဲ့ သွားပြောလို့ ရတဲ့ Service ဖြစ်ပါတယ်။

CF ( Call Forwarding ) - ကတော့ မိမိဖုန်း ဧရိယာ ပြင်ပ ဖြစ်ချိန် (ဒါမှမဟုတ်) မအားတဲ့အချိန် (ဒါမှမဟုတ်) အချိန်တိုင်း (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့ ဖုန်းတွေက ၀င်လာရင် ကြိုတင်သတ်မှတ်ထားတဲ့ နောက်ဖုန်းနံပါတ် တစ်လုံးကို လွှဲပေးတဲ့ Service ဖြစ်ပါတယ်။

VMS ( Voice Mail Service ) - ဆိုတာကျတော့ ဖုန်းမကိုင်ဖြစ်လိုက်ရင် (ဒါမှမဟုတ်) ဧရိယာပြင်ပ ရောက်နေရင် (ဒါမှမဟုတ်) Software သုံးပီး Sent to Voice Mail လုပ်ပစ်လိုက်ရင် ကိုယ့်ဆီကို ဖုန်းခေါ်တဲ့လူဟာ Voice Mail Box ထဲ ရောက်သွားပီး ပြောလိုတဲ့ စကားကို မှာထားခဲ့နိုင်တဲ့ Service ဖြစ်ပါတယ်။ အဲဒီလို VM ထားခဲ့လိုက်ပီဆိုရင် မိမိဖုန်းထဲကို ဘယ်သူ ဘယ်အချိန်က မှာထားခဲ့တဲ့ VM ရောက်နေကြောင်း SMS ရောက်လာမှာပါ။ သတ်မှတ်ထားတဲ့ နံပါတ် (1550) ကို ခေါ်ပီး ဖွင့်နားထောင်ကြည့်ရင် ဘာမှာထားခဲ့လဲ ကြားရမှာပါ။

MCA ( Miss Call Alert ) - က အစတုန်းက CDMA ဖုန်းတွေမှာ ဖရီးရနေတာ ကြာလှပါပီ။ အခုမှ GSM တွေအတွက် ရလာတာပါ။ မိမိ ဧရိယာ ပြင်ပရောက်တဲ့အချိန် (ဒါမှမဟုတ်) စက်ပိတ်ထားချိန်တွေမှာ ဘယ်ဖုန်း ဘယ်အချိန်က ခေါ်ထားပါတယ်ဆိုတာ ဧရိယာထဲ ပြန်ရောက်တဲ့အချိန် (ဒါမှမဟုတ်) စက်ပြန်ဖွင့်တဲ့အချိန် ဖုန်းထဲကို SMS ပို့ပေးမှာ ဖြစ်ပါတယ်။ ပြန်ခေါ်သင့်တဲ့လူတွေဆို ပြန်ခေါ်ပေါ့။ ( ကေတီဗီက ကလေးမလေးတွေဆိုတော့လဲ သဘောပေါ့ နော့ :D )

အပေါ်မှာ ရေးခဲ့တာတွေက အဲဒီ Service တွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ ဖြစ်ပါတယ်။ အခု ဆက်ရေးမှာက အဲဒါတွေသုံးဖို့ ပိုက်ဆံ တောင်းနေတဲ့ မပုတု ဘယ်လောက် ဖျင်းလဲဆိုတာလေး ထောက်ပြချင်တာပါ။

နံပါတ် (၁) Service ကို ကြည့်ရအောင်
ဖုန်း ၃ လုံး ရှိတယ် ဆိုကြပါစို့။ နံပါတ်တွေက A, B နဲ့ C ထားလိုက်ပါ။ A နဲ့ B ဖုန်းပြောနေရင် C က ဘာမှ လုပ်လို့ မရတဲ့အတွက် တစ်မိနစ်ကို ၅၀ ပဲ ရမှာပါ။ CW နဲ့ ဆိုရင် A က B ကို ခေါ်ပြောနေတုန်း C က A ကို ခေါ်လိုက်ရင် Second Call အဖြစ် ၀င်လာမှာပါ။ ဒါဆို A က B နဲ့ ပြောနေတာ ခနရပ် (Hold) ပြီး C နဲ့ ပြောတဲ့ အချိန်ဆိုရင် A ဆီက B ကို ခေါ်တဲ့ တစ်မိနစ် ၅၀ အပြင် C ကနေ A ကိုခေါ်တဲ့ တစ်မိနစ် ၅၀ ပါ ရမှာမလို့ တစ်မိနစ်ကို ၁၀၀ ကျပ် ရနေမှာပါ။

နံပါတ်(၂) မှာလဲ A, B, C ဖုန်းသုံးလုံးပဲ ထားကြည့်မယ်။ A က B ကို ခေါ်မယ်။ B စက်ပိတ်ထားရင် ပိတ်ထားတယ်ပြောလိုက်မယ်။ တစ်ပြားမှ မရတော့ဘူး။ တစ်ကယ်လို့ B က CF သုံးထားမယ်ဆိုရင် ကြိုတင် သတ်မှတ်ထားတဲ့ C ကို Forward လုပ်သွားမယ်။ အဲဒီမှာ A နဲ့ C အဆက်အသွယ် ရသွားတာနဲ့ A ကနေ B ကိုခေါ်တဲ့ တစ်မိနစ် ၅၀ ရမှာ ဖြစ်သလို B ကနေ C ကို Forward လုပ်ထားတဲ့ တစ်မိနစ် ၅၀ ရမှာ ဖြစ်တဲ့အတွက် တစ်မိနစ် ၁၀၀ ကျပ်ရမှာပါပဲ။

နံပါတ်(၃) ကတော့ ရှင်းပါတယ်။ ဖုန်း ၂ လုံးပဲ ရှိမယ်။ A နဲ့ B ဆိုပါစို့။ A က B ကို ခေါ်မယ်။ ပိတ်ထားရင် တစ်ပြားမှ မရဘူး။ VM နဲ့ဆိုရင် A က VM ထဲကို မှာနေတဲ့အချိန် တစ်မိနစ် ၅၀ ရမှာ ဖြစ်သလို B က VM ကို ပြန်ဖွင့် နားထောင်နေတဲ့အချိန်မှာလဲ တစ်မိနစ်ကို ၅၀ ရမှာပါ။

နံပါတ်(၄) ကလည်း ပြောရရင် နံပါတ် (၃) နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပိတ်ထားရင် ပိတ်ထားကြောင်းဖြေမယ်။ ခေါ်တာ မသိတော့ ပြန်မခေါ်ဖြစ်တော့ဘူး။ ခေါ်ထားကြောင်း SMS ရလို့ ပြန်ခေါ်ဖြစ်ရင် ပြောတဲ့မိနစ်အလိုက် ပိုက်ဆံရသပေါ့ဗျာ။

တစ်ခြားအိမ်နီးခြင်း နိုင်ငံတွေမှာ ဒါတွေက ဖရီးပါ။ SIM အသစ် ၀ယ်ကတည်းက ပါလာပီးသားတွေပါ။ ကိုယ်သုံးမှ တစ်မိနစ်နှုန်းနဲ့ ပေးရတာတွေပါ။ သုံးစွဲခဆိုပီး မတောင်းပါဘူးခင်ဗျာ။

နောက် ရှိပါသေးတယ်။ ဒီထဲမှာ မပါသေးတဲ့ ဆားဗစ်တွေ။ ဥပမာ Three Way Conference လို့ခေါ်တဲ့ ၃ ယောက်ပြောတာတွေ။ ၃ ယောက်ထက် ပိုတဲ့ Party Call တွေ ဆိုလဲ ပြောတဲ့လူတွေ ထပ်ထည့်သလောက် အဆနဲ့ ပိုက်ဆံရနေတာပဲဟာကို
အခုလို Service တွေကို သုံးရင် ပိုက်ဆံပေးရမယ်ဆိုတော့ ဘယ်သူမှမသုံး၊ မသုံးတော့ ပိုက်ဆံမရ။ System ကြီးကို ၀ယ်လိုက်ကတည်းက ပါလာတဲ့ Card တွေ ဘာအလုပ်မှ မလုပ်ပဲ ကြာတော့ ပျက်။ အဲဒီလိုနဲ့ပဲ ကျနော်တို့လဲ ခေတ်မှီ ဆက်သွယ်ရေး စနစ်ကြီးကို ဖုန်းပြောယုံ ပြောနေခဲ့တာ အတော် ကြာခဲ့ပါပီလို့ပဲ .......................


ဟုတ်ကဲ့ ထပ်ပြောပါမယ်။ ကျနော် ဘာမှမသိတဲ့ အပြင်လူပါ။ ငပိန်းတွေး တွေးကြည့်တာပါ။ မှားနေတာတွေလဲ ပါနိုင်ပါတယ်။
မှားနေတာ တွေ့ခဲ့ရင်လဲ ပြောပေးသွားပါ။

ဒီနားထိ ဖတ်လာပေးတဲ့အတွက် အထူးကျေးဇူးပါ :D

ဟုတ် အဲဒါ ပြည် က သူရိန်  ဆိုတဲ့သူရေးထားတာပါခင်ဗျာ

GSM/WCDMA များ message မှတစ်ဆင့် အင်တာနက် လျှောက်ခြင်း

လက်ရှိမှာတော့ MPT ရဲ့ GSM/WCDMA ကဒ်တွေ ပဲ message ကနေ အင်တာနက်လျှောက်လို့ ရပါသေးတယ်၊ အရင် ၁၅ သိန်း ဖုန်းရော၊ ငါးသိန်း ဖုန်းရော။ နှစ်သိန်း ၊ နှစ်သိန်းခွဲ ဖုန်းရော၊ အခု တစ်ထောင့်ငါးရာ ဖုန်းရော အကုန် ရပါတယ်ဗျာ၊ ဘယ်လိုလုပ်ရမလဲဆိုတော့
အရင်ဆုံး message ကိုဖွင့်
to နေရာမှာ 1331 ကို ထည့်
စာသားရိုက်ရမယ့်နေရာမှာ
Orderdata service လို့ထည့်ပီး send လိုက်ပါဗျာ
ခဏနေရင် message တစ်စောင်ပြန်ဝင်လာပါလိမ့်မယ်၊ ပိုက်ဆံ တစ်သောင်းနဲ့ ၂၅ ကျပ်ဖြတ်သွားပါလိမ့်မယ်။
အင်တာနက် setting တွေ ထည့်ပီးသားဆိုရင် အင်တာနက် စသုံး လို့ရပါပြီ၊ သူကတော့ ဖုန်းကို restart လုပ်ခိုင်း ပါလိမ့်မယ်။
အင်တာနက် setting မထည့်ရသေးရင်တော့
andriod ဖုန်းတွေအတွက်
အရင်ဆုံး 
setting ကိုသွား
wireless and network ကိုသွား
mobile networks ကိုသွား 
access point name ကိုသွား
mptnet ဆိုတာလေး မပါခဲ့ရင် အသစ် ထပ်ထည့်ပေးရပါမယ်
menu ကို နှိပ် new apn ကို နှိပ်
name နဲ့ apn မှာ mptnet ကိုထည့်
authentication type မှာ pap or chap ထည့်
apn type မှာ ဘာမှ မထည့်နဲ့
တစ်ကယ်လို့ password prompt ပါခဲ့ရင် #777 ကိုထည့်ပေး(y210c တွေမှပါ)
ပီးရင် menu ကိုပြန်နှိပ် save apn ကိုရွေးပေး နောက် mptnet ဆိုတာ ပေါ်လာရင် အဲဒီမှာ တစ်ချက်နှိပ်
ဖုန်းကို restart လုပ်ပီးရင် အင်တာနက် သုံးလို့ရပါပြီ

MPT မှ VAS (Valued Added Service ) များအကြောင်း


Call waiting = ဖုန်းပြောနေစဉ်အတွင်း တခြား ဖုန်း တစ်လုံး ဝင်လာသည်ကို သိရှိခြင်း၊ second call ကို လက်ခံနိုင်တာပါ
call forward= ဖုန်း မအားလျှင်သော်လည်းကောင်း၊ အကြောင်း အမျိုးမျိုး ကြောင့် ဖုန်း လက်ခံနိုင်ခြင်း မရှိပါက တခြား (ကြိုတင်သတ်မှတ်ပေးထားသော) ဖုန်း တစ်လုံးကို အလိုအလျှောက် ဆက်သွယ်ပေးခြင်း
Voice Mail= ကိုရီးယား ကားများထဲတွင် ပါပါသည်၊ (လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်၍ မရနိုင်ပါသဖြင့် ဆက်သွယ်၍ ရရှိချိန်တွင်ပြန်လည်ပြောပြနိုင်ရန် အမှာစကားများ မှာကြား ခဲ့နိုင်ပါသည်၊ မှာကြားခဲ့လိုပါက 1 ကိုနှိပ်ပါ) အဲလိုပြန်ပြောမလားမသိ
Miss Call alert= ဖုန်း ပိတ်ထား လျှင် သော် လည်းကောင်း၊ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေချိန်တွင် သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့် ဖုန်း မကိုင် မိပါက လိုင်းရသည့်နှင့် မည်သူက မည်သည့် အချိန်က ခေါ်ပါသည် ဟု sms ပို့ပေးခြင်း
စသဖြင့် နားလည်မိပါသည်
 @ Success Mobile.
 အထက်ပါ service များကို ပြန်ဖျက်လိုပါက Cancel XXX (XXX ဆိုသည်မှာ စတင်လျှောက်ထားစဉ်က Orderdata အနောက်မှ စာလုံးများဖြစ်ပါသည်) ကို 1331 သို့ ပြန်ပို့ နိုင်ပါသည်။ လက်ရှိ တစ်လ စာ ဖြတ်ပီးမှ နောက်လတွင် ပျက်သွားပါလိမ့်မယ်။
VMS အတွက် လစဉ်ကြေး အပြင် ပြောသူ (ချန်ခဲ့သူ) မှလည်း တစ်မိနစ် ၅၀ ကျပ် ပေးရမည် ဖြစ်ပြီး ပြန်နားထောင်သူ မှလည်း တစ်မိနစ် (၅၀) ကျပ် ပေးရမည်ဖြစ်ပါသည်။

Thursday, November 28, 2013

WELLCOM A90+ အား silver light 4 rom တင်ကြမယ်

wellcom A90+ သမားတွေအတွက်ပါ၊

root လုပ်လိုက်မိလို့ firmware ကြောင်သွားပီး ဟိုလို လုပ်မရ ဒီလိုလုပ်မရ ဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်၊
အရင်ဆုံးတော့ root လုပ်ထားပီးသားဖြစ်ရပါမယ်၊
၁၊ http://www.mediafire.com/?kt4xefxtytqycvy ဒါလေးဒေါင်းပီး သွင်းလိုက်ပါ။
၂၊ http://dl.xda-developers.com/attachdl/00feee715c0a7791b5ffbf56a06620dc/51a83125/9/2/9/7/7/7/Modded_Recovey(4PDA.ru).zip ဒါလေးဒေါင်းပီး unzip လုပ် အထဲက .img ကို sd card root မှာ ထည့်ထားပေး
၃၊ http://199.91.152.93/gnrfqzhbrtog/q92e83s4zn3arhh/SilveLight-4.zip ဒီဟာကို ဒီအတိုင်း sd card root မှာ ထည့်ထားပေး၊
၎၊ အားလုံးပီးရင် mobile uncle (၁) ကို run ပေးပါ၊ get started ကို နှိပ်ပါ၊ flash recovery from sd card ကို ရွေးပေးပါ၊ ( ၂) ကနေ unzip လုပ်ထားတဲ့ img လေးတွေ့ပါလိမ့်မယ်၊ နှိပ်ပေးလိုက်ပါ၊ ပီးရင် restart ကျ သွားပီး recovery ကနေ ပြန်ပွင့်လာပါလိမ့်မယ်၊ modded recovery ပါ၊
၅၊ အဲဒီကနေ flash from sd ကိုရွေးပေးပီး (၃) က ဒေါင်းထားတဲ့ silver light 4 ကို ရွေးပေးပါ
သူ့ဘာသာ အင်စတောလုပ်သွားပီးရင် return ကို ပြန်ရွေးပေးပါ၊
၆၊ wipe data ကို ပြန်ရွေးပေးပီး wipe all လုပ်ပါ၊ reboot လုပ်ပါ ခဏစောင့်ပါ လှပတဲ့ silver light rom နဲ့ သွက်လက်တဲ့ wellcom a90+ ကို ပိုင်ဆိုင်နိုင်ပါပီ

ZTE c N700 root နှင့် မြန်မာစာ


အတော်တိုင်ပတ်တဲ့ကောင်လေးပါလား usb debug လုပ်ပြီး vroot နဲ့ ကိုင်မယ် ဆိုပြီးတော့ vroot လေးဖွင့် usb ကြိုး ကောက်ထိုး၊ ဟိုက် ဘာမှကို မဘာပါလား၊ အဲဒါနဲ့ device manager ထဲသွားကြည့်ပြန်တော့လည်း conflict ဖြစ်နေတာ တစ်ခုမှမရှိ၊ driver လိုက်ရှာတော့လည်း ဘယ်မှာမှမတွေ့ အင်း တိုင်တော့ပတ်ပြီ၊ noti ဘားကို ဆွဲချကြည့်တော့လည်း usb debug နဲ့ usb storage က ရနေတယ်၊ ဘာနဲ့လုပ်ရင်ကောင်းမလည်း ဆိုပီး z4root လေး usb drive mode ကနေ ထည့် အင်စတောလုပ်ကြည့်၊ root လုပ်ကြည့်တယ် successful ဆိုပဲ၊ ပျော်သွားတာဗျာ၊ restart ချ ပြန်တက် လာတော့ pro myankey လေးထည့် bagan kb pro လေးထည့်၊ pro myankey ကို run တော့ ဇော်ဂျီ ထည့်ရန် ဆိုတာလေးနှိပ် အင် super user request လည်းမတောင်း ဘာမှ မလုပ် အဲဒါနဲ့ပဲ root checker နဲ့ စစ်တော့ root မလုပ်ရသေးပါတဲ့၊ ဟမ် ခုနက သေသေချာချာ successful ဖြစ်ပါတယ်၊ အမြင်များ မှားတာလားဆိုပီး second round ပြန်လုပ်၊ စက်ပြန်တက်လာတော့ super user လေးနဲ့ ဟဲဟဲ ဘယ်ရမလဲ ဆိုပီး pro myankey ပြန် run ဖေဇော်ဂျီ ပြန်ထည့် မရပါခင်ဗျ၊ အဲလိုနဲ့ နာရီဝက်လောက်ကြာနေပီ၊ ဘာလုပ်ရင် ကောင်းမလဲ၊ ကဲ နောက်တစ်နည်း z4root ကို ပါမင်းနင့် ရု မလုပ်ခိုင်းပဲ temp root လုပ်ခိုင်းကြည့်တယ်၊ successful တယ်၊ ပြန်ထွက်တယ်၊ promyankey နဲ့ ဖေဇော်ဂျီ ပြန်ထည့်တယ်၊ အံမယ် super user request တောင်းသဟ၊ ကဲ ဆက်လုပ်ပီ၊ ရပီ၊ input method မှာ myan key ရိုးရိုးနဲ့ bagan kb pro နှစ်ခုထည့်ထားပီး စမ်းကြည့် အားလုံးအိုကေ၊ ကဲ restart ချရင် root ပျောက်မယ် ချတယ်ကွာ၊ မရလည်းနေဆိုပီး ကိုင်လိုက်တာ၊ အင်း တ်ာသေးတာပေါ့ ဒေါ်အေးသာကျော့ root မဖြစ် တော့ဘူး၊ မြန်မာစာတော့ မပျောက်ဘူး၊ အားလုံးအိုကေ၊ အော် အတော် တိုင်ပတ်ပါလား ဒီနေ့တော့
အော် မေ့လို့
ဒါလေးက



 z4root

Emotion Ui သုံး huawei တွေအတွက် font ပါပြီး theme များ


Emotion Ui သုံး huawei တွေအတွက် font ပါပြီး theme တွေပါ 
ဒီမှာဒေါင်းပါ
အပေါ်လင့် မရရင်
ဒီကဒေါင်းပါ
ပါဝင်တဲ့ Theme တွေကတော့
Affection Of Ya An
Breeze
Red Cloud2
S4 Themes By MMSD
Taste
The Love Season
Vivid
အဲဒါတွေပါပါတယ်
s4 theme ကိုတော့ ကိုဖြိုးချမ်း MMSD မှ ပြုလုပ်ပေးထားတာဖြစ်ပါတယ်

FAQ
(1) (Q) Emotion Ui ဆိုတာဘာလဲ

(A) Emotion Ui ဆိုတာ အခုနောက်ထွက်လာတဲ့ huawei ဖုန်းတွေမှာ သုံးထားတဲ့ UI (user interface) တစ်မျိုးပါ
(2) (Q) ဘယ်ဖုန်းတွေမှာ ပါဝင်သလဲ
(A) Huawei Y300-0000, g510, g520, c8813, c8813d အဲလို ဖုန်းတွေမှာ ပါတာပါ
(3) (Q) Emotion Ui ပါမှန်း ဘယ်လိုသိရမှာလဲ
(A) ဖုန်းမှာပါတဲ့ Setting, about phone, system update မှာ ကြည့်လိုက်ပါ
(4) (Q) ဘယ်လိုထည့်ရမှာလဲ Emotion Ui မှာ အဲဒီ theme တွေကို
(A) ဖုန်း နဲ့ ကွန်ပျူတာကို ချိတ်ပီး ဖုန်းမှာ usb storage mode ပြောင်းလိုက်ပါ၊ ဖုန်း internal memory ထဲမှာ HWtheme ဆိုတာ ရှိပါတယ်၊ အဲဒီထဲကို ခုနကဒေါင်းထားတဲ့ .hwt ပါ file တွေကို ကူးထည့်လိုက်ပါ၊ နောက် usb ကြိုးဖြုတ် ခနစောင့် ပီးရင် theme ကိုသွား အဲဒီကမှ နောက်ထပ်တိုးလာတဲ့ theme ကိုရွေး apply လုပ်၊ theme with font ကိုရွေးပေး ပီးတော့မှ restart လုပ် ပီးရင် သုံးလို့ရပါပီ