Friday, November 29, 2013

MPT မှ VAS (Valued Added Service ) များအကြောင်း


Call waiting = ဖုန်းပြောနေစဉ်အတွင်း တခြား ဖုန်း တစ်လုံး ဝင်လာသည်ကို သိရှိခြင်း၊ second call ကို လက်ခံနိုင်တာပါ
call forward= ဖုန်း မအားလျှင်သော်လည်းကောင်း၊ အကြောင်း အမျိုးမျိုး ကြောင့် ဖုန်း လက်ခံနိုင်ခြင်း မရှိပါက တခြား (ကြိုတင်သတ်မှတ်ပေးထားသော) ဖုန်း တစ်လုံးကို အလိုအလျှောက် ဆက်သွယ်ပေးခြင်း
Voice Mail= ကိုရီးယား ကားများထဲတွင် ပါပါသည်၊ (လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်၍ မရနိုင်ပါသဖြင့် ဆက်သွယ်၍ ရရှိချိန်တွင်ပြန်လည်ပြောပြနိုင်ရန် အမှာစကားများ မှာကြား ခဲ့နိုင်ပါသည်၊ မှာကြားခဲ့လိုပါက 1 ကိုနှိပ်ပါ) အဲလိုပြန်ပြောမလားမသိ
Miss Call alert= ဖုန်း ပိတ်ထား လျှင် သော် လည်းကောင်း၊ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေချိန်တွင် သော်လည်းကောင်း အကြောင်း အမျိုးမျိုးကြောင့် ဖုန်း မကိုင် မိပါက လိုင်းရသည့်နှင့် မည်သူက မည်သည့် အချိန်က ခေါ်ပါသည် ဟု sms ပို့ပေးခြင်း
စသဖြင့် နားလည်မိပါသည်
 @ Success Mobile.
 အထက်ပါ service များကို ပြန်ဖျက်လိုပါက Cancel XXX (XXX ဆိုသည်မှာ စတင်လျှောက်ထားစဉ်က Orderdata အနောက်မှ စာလုံးများဖြစ်ပါသည်) ကို 1331 သို့ ပြန်ပို့ နိုင်ပါသည်။ လက်ရှိ တစ်လ စာ ဖြတ်ပီးမှ နောက်လတွင် ပျက်သွားပါလိမ့်မယ်။
VMS အတွက် လစဉ်ကြေး အပြင် ပြောသူ (ချန်ခဲ့သူ) မှလည်း တစ်မိနစ် ၅၀ ကျပ် ပေးရမည် ဖြစ်ပြီး ပြန်နားထောင်သူ မှလည်း တစ်မိနစ် (၅၀) ကျပ် ပေးရမည်ဖြစ်ပါသည်။

No comments:

Post a Comment