Friday, September 21, 2018

SUZUKI Ertiga GPS Map Card Install On Car Infotainment System (Part 2)

ကဲ အခုဆိုရင် GPS map Card လေးရလာပြီပော့၊ Map Card မလုပ်ရသေးရင်တော့ ဒီမှာ ကြည့်ပါ။
အရင်ဆုံး ကျွန်တော် ပြောချင်တာက ဒီ Map Card က free Version ပာ free ဆိုတဲ့အတိုင်း တစ်ခာတလေ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဥပမာ DVD (infotainment system) ချက်ခြင်း တက်မလာတာမျိုး၊ တက်လာပြီးတော့ ဘာခလုတ်မှ နှိပ်မရ (Hang) နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲလို တွေ မဖြစ်အောင် ဘယ်လို လုပ်ရသလဲပါ တစ်ခာတည်းပြောပြသွားပါမယ်။
အဲ အရေးအကြီးဆုံးက DVD စက်မှာ GPS အင်တင်နာကို အရင်တပ်ထားပါ၊ ကားရှိုးရွမ်း ကထည့်ပေးလိုက်တဲ့ ကက်ဆက်ဘူး ထဲမှာ ပါပါတယ်၊ တစ်ချို့ က တပ်ပေးလိုက်ပေမယ့် တချို့က တပ်မပေးပါဘူး၊ တစ်ချို့က ပြောလိုက်ရင် တပ်ပေးပေမဲ့၊ တစ်ချို့က ပြောလဲ မတပ်ပေးပါဘူး၊ ကိုယ့်ဘာသာ အဆင်ပြေတဲ့ဆီမှာ တပ်လိုက်ပါ၊
  • install မလုပ်မီ USB or Sd card နဲ့ သီချင်း အရင် ဖွင့်ထားပါ၊
  • installလုပ်နေတဲ့ အဆင့်တစ်ခုပြီးတိုင်း  src ခလုပ်ကို စက္ကန့် အနည်းငယ် ဖိထားပြီး ပိတ်ပါ၊ ပြန်ဖွင့်ပါ (Restart လုပ်ခိုင်းတာပါ)
  • ပြန်ပွင့်လာတာနဲ့ (USB or Sd card ကနေ) သီချင်း ဖွင့်ပေးပါ၊ ဖွင့်ထားရက်နဲ့ လုပ်နေရင် စက်ပြန်ပွင့် တာနဲ့ သီချင်း လာတဲ့အထိ စောင့်ပါ။
  • အမြဲတမ်း DVD က NAVI ခလုတ်ကို မနှိပ်ခင် အရင်ဆုံး (USB or Sd card ကနေ) သီချင်း ဖွင့်ပေးပါ၊ ဒီဟာကတော့ group ထဲမှာ ကိုနေသူတိုး (https://www.facebook.com/NAYTHUTOE) က ပြောပြ ထားတာပါ။
 
ကဲ စလိုက်ကြရအောင်။ အရင်ဆုံး USB or Sd card နဲ့ သီချင်း အရင် ဖွင့်ထားပါ၊ ပြီးရင် SD GPS ဆိုတဲ့ အဖုံးလေးကို ခွာ၊ ခုနက SD (micro sd) လေးကိုထည့် (အပြာရောင် ချယ်ထားတဲ့ စတုဂံနေရာ)၊ ပြီးရင် NAVI ကို နှိပ်၊
အပေါ်ကလို ပေါ်လာရင် folder ပုံလေးကို နှိပ် ပြီး Navigator.exe ရှိတဲ့နေရာကို ရွေးပေးပါ၊ ကျွန်တော် ထည့်ထားတာက SD card ထဲမှာ NaviOne ဆိုတဲ့ Folder အရင် ဆောက်ပြီးမှ ထည့်ထားလို့ ပုံမှာ ပြထားတဲ့အတိုင်း မြင်နေရတာပါ။ ရွေးပြီးတာနဲ့  သီချင်း ပြန်ပွင့်လာပါမယ်၊ SRC (အပေါ် ဆုံးပုံမှာ အနီဝိုင်းပြထားတဲ့ဟာ) နှိပ်ပြီး စက်ပိတ်ပါ။ ပိတ်သွားမှ SRC နှိပ်ပြီး ပြန်ဖွင့်ပါ၊ သီချင်း ပြန်ပွင့်တဲ့အထိစောင့်ပါ NAVI ကို ပြန်နှိပ်ပါ၊ map factor install logo တက်လာပါမယ်၊ ပြီးရင် ဒီလို ပေါ်လာပါမယ်။


Yes ကိုသာ နှိပ်ပါ။ လိုင်စင်ကီး တောင်းပါမယ်
cancel သာရွေးပေးပါ။ commercial လိုင်စင် သုံးမရပါ၊ ဖရီး လိုင်စင် သုံးမှာလား မေးလာလိမ့်မယ်၊ yes သာ နှိပ်ပါ။ စက် တစ်ချက် ငြိမ်သွားပြီး သီချင်း ပဲ ပြန်ပေါ်လာရင် SRC နှိပ် ပိတ်၊ SRC နှိပ် ပြန်ဖွင့်၊ သီချင်းလာတော့မှ NAVI နှိပ်၊ Loading screen တက်လာပြီး ကမ္ဘာ့မြေပုံ ပေါ်လာမယ်။
(ကျွန်တော်က + နှိပ်ပြီး zoom in လုပ်ထားလို့ အပေါ်  ကလို ပေါ်တာပါ) Menu နှိပ်၊ screen ကို ဘယ်ဘက်ပွတ်ဆွဲ setting  screen ပေါ်လာမယ်။

setting ကို နှိပ်gps setting ကိုသွား
ကျွန်တော်ကတော့ အမှတ်တွေ အကုန် လိုက်ခြစ် လိုက်တာပဲ အေးရော 😂😂😂😂။ ပြီးရင် အပေါ်ဆုံးက GPS device ကို နှိပ် လိုက်။

အပေါ်ကလို ပေါ်လာတဲ့ အထိ စောင့်နေ၊ အဲထဲက auto detected ကို ရွေးပေး
အဲလို screen ပေါ်လာရင် ok ကို နှိပ်၊ Setting screen ကို ပြန်ရောက်ရင် venhicle ကို ရွေးပေး၊ car ကို ရွေး၊ ကားနံမည်ထည့်၊ ကျွန်တော်က တော့ ERTIGA လို့ပဲ ထည့်လိုက်တယ်၊ OK ပြန်နှိပ်
တခါတလေကျတော့လည်း ချက်ခြင်း Navi ပြန်တက်သွားပြီး ကားတည်နေရာကို တန်းပြပါတယ်၊ ဘာမှ မတက်ပဲ သီချင်းပဲလာနေရင် ထုံးစံအတိုင်း SRC နှိပ် ပိတ် ပြီးပြန်ဖွင့်။ သီချင်းပြန်ပွင့်လာရင် NAvi ပြန်နှိပ်
ဒီလို တက်လာပါပြီ
ခနေရင် ဒီလိုလေးဖြစ်သွား
ကဲ NAVI လေးသုံးလို့ရပါပြီ၊ သွားချင်တဲ့နေရာကို search မှာ ရှာ၊ Region အရင်ရွေး၊ မြန်မာ၊ နောက် မြို့နယ်ရွေး၊ ပြီးမှ လမ်းရွေး၊ (ရိုက်ထည့်ပြီး ရှာရတာပါ) သူပြလာတဲ့ အထဲက ကိုယ်သွားချင်တဲ့ အနီးဆုံး လမ်းကို ရွေး open on map ကို ရွေး ပြီးရင်ကို သွားချင်တဲ့ နေရာမှာ point ချ၊ တစ်ချက် ဖိထား အလံလေးထောင့် (destination) ကိုရွေးပေးလိုက်၊ သွားရမယ့် အနီးဆုံး လမ်းကြောင်း ကို ပြပေးပါမယ်၊ တစ်ခု ရှိတာက offline map ဖြစ်လို့ traffic အခြေအနေ တွေ သိရမှာ  မဟုတ်ပါဘူး၊ အတိုဆုံး အနီးဆုံး လမ်း ကိုပဲပြပေးမှာပါ၊ ကိုယ်က ပို မြန်နိုင်တဲ့လမ်းကမောင်းရင်လည်းကောင်း လမ်းကြောင်းမှားသွားရင် လည်းကောင်း  သူ့ဘာသာ လမ်းကြောင်းတွက်ပြီးပြန်ပြပေးပါတယ်။ 

(အားလုံးပဲ အဆင်ပြေကြပါစေ)









SUZUKI Ertiga GPS Map Card (Part 1)

အခုတလော အရောင်းအဝယ်ဖြစ်နေကြတဲ့ Zero Kilo, မြန်မာပြည်ထုတ် ဆူဇူကီး အာတီဂာ (အာကြီး) ရဲ့  win Ce DVD player မှာ NAVI (gps system) ထည့်နည်းလေးပြောပြချင်ပါတယ်၊ တစ်ကယ်တော့ ကျွန်တော် ကိုယ်တိုင်ရှာတွေ့ထားတဲ့ နည်း မဟုတ်ပါ၊ fb closed group တစ်ခုဖြစ်တဲ့ SECM (https://www.facebook.com/groups/1352038384824800) ထဲက Kyaw Kyaw Khant (https://www.facebook.com/kyaw.kyawkhant.718)
တင်ထားတာကို ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ရင်း တွေ့လာတဲ့ အခက်အခဲ လေးတွေကို အဆင်ပြေအောင် အလွယ်တကူ လုပ်နည်းလေးကို ပြန်ပြောပြတာပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ကွန်ပျူတာ တစ်လုံး (laptop or desktop)
၂။ memory card အနည်းဆုံး 2gb ကနေ 8gb အထိ၊ (ကျွန်တော် ကတော့ 2gb ရော 8gb ရော နဲ့ စမ်းထားပါတယ်၊ ဘာမှ မထူးခြားပါ တူတူပါပဲ၊ အဲကဒ်မှာ တခြား ဘာမှ ထပ်ထည့် လို့ မရသလို ဘာမှ သုံးလို့ မရတော့လို့ 2gb လောက်ပဲ သုံးလို့ရပါတယ်၊ စုစုပေါင်း file size က 17MB မပြည့်ပါ)
၃။ micro sd card ဆိုတော့ card reader လိုပါမယ်။
၎။ အင်တာနက် ကတော့ မပါမဖြစ်ပေါ့။

သုံးတဲ့ software ကတော့ ကွန်ပျူတာအတွက် mapfactor ပါ
ကား dvd အတွက်ကတော့ navigator.exe ပါ၊
ကွန်ပျူတာအတွက် ဒီမှာဒေါင်းပါ သူ့ website  က ဒီမှာပါ။
ဒါက ကျွန်တော့် google drive  မှာ ပြန်တင်ထားပေးတာပါ။
အရင်ဆုံး အပေါ်ကလင့် တွေထဲက (ကြိုက်တဲ့ တစ်ခု)ကိုဒေါင်းပြီး navigatorfree_install.exe ကို Run ပါ။
***** အရေးကြီးတာ တစ်ခုက sd (Micro sd ) ကို FAT 32 နဲ့  full format ချထားပါ ******
 

 langauge ကို english ရွေးပါ။ ထုံးစံအတိုင်း next တွေ ဆက်တိုက် နှိပ်သွားပေး :P :P :P ။ ပြီးသွားရင်တော့
အဲမှာပြထားတဲ့ navigator 17 .... ဆိုတာဟာလေး ပေါ်လာမယ်၊ အဲဒါလေးကိုဖွင့် ဒီလိုလေးထပ်ပေါ်လာမယ်

သူဒေါင်းလုတ် ပြီးတာကို စောင့်ပါ၊ (ကျွန်တော့် ဆီမှာတော့ 30 sec လောက်ပဲကြာပါတယ်)
အဲလိုဖြစ်သွားရင် install application ကိုရွေး
install pocket navigator ကိုရွေး
windows CE device ကိုရွေး
install to a memory card ကိုရွေး
memory card ကို ရွေးပြီး next နှိပ်ပေး
ဒီလိုလေးပေါ်လာပြီးရင် ခနစောင့် ပြီးရင် OK နှိပ်၊ map data မရှိသေးဘူး ဒေါင်းမလား မေးရင် ok နှိပ်၊ ဒီနေရာကို ပြန်ရောက်သွားလိမ့်မယ်၊
အဲဒီက install map data ကို ရွေး၊ ပြီးရင် manage map download ကိုရွေး
ပေါ်လာတဲ့ အထဲက commercial region ကို မယူပဲ  free region ကိုရွေးပေး


asia ထဲက myanmar ကိုရွေးပေး (ကျွန်တော်ကတော့ မြန်မာ ရော ထိုင်းရော ဒေါင်းပါတယ်၊ (မြဝတီ မဲဆောက် ကို သွားရင်လည်း သုံးလို့ရတာပေါ့နော်)၊ ပြီးရင် voice languages  မှာ english ကိုရွေးပေး (တခြားဟာရွေးလဲရတာပဲ :D :D)

ပြီးရင် Next နှိပ် အရှေ့ဆုံးကို ပြန်ရောက်သွားမယ်၊ install map data ကို ပြန်ရွေး၊ install map to memory card ကိုရွေးပေး (အလယ် ကဟာပါ)
next နှိပ်၊ ပြီးသွားရင် OK နှိပ် အဲဒါဆို map ကဒ် ပြုလုပ်တာ အောင်မြင်စွာ ပြီးဆုံးပါပြီ။
gps card ကို DVD မှာ install လုပ်နည်းကို နောက် တစ်ခုမှာ ထပ်ရေးပါမယ်။