Wednesday, December 18, 2013

zapya  ဆိုတာကတော့ အထူး မပြောတော့ပါဘူး ဒါလေး က PC မှာ သုံးလို့ရတဲ့ zapya ပါ၊ တစ်ခု ထူးခြားတာက အင်တာနက်ပါ ရှယ်ယာ လုပ်သုံးလို့ရတာပါပဲ၊ လောလောဆယ်တော့ win7 x64 ပေါ်မှာတောင် အဆင်ပြေတယ်ဗျာ

http://adf.ly/atNYj

 

Saturday, December 14, 2013

samsung GT n5100 Galaxy note 8.0 နှင့်မြန်မာစာ

Galaxy Note 8.0 ကို မြန်စာ (မြန်မာ langauge) နှင့် မြန်မာ ကီးဘုတ် (samsung ရဲ့ ကိုယ်ပိုင် မြန်မာ keyboard ပါ) ထည့်ကြည့်ရအောင်ဗျာ






အရင်ဆုံးလိုအပ်တာက
vroot နောက်ဆုံး version 
နောက် root explorer
နောက် zawgyi 2008.ttf (တခြား လက်ရှိ font များနှင့် အဆင်ပြေ မပြေ ကို မသိရပါ)
နောက် samsung original keyboard (for myanmar langauge setting)
နောက် langauge.xml
 vroot ကလွဲရင် ကျန်တာ အကုန်လုံးကို ဒီမှာ စုထားပါတယ်
အရင်ဆုံး မိမိ  note 8.0 ကို ထုံးစံအတိုင်း unknown source  ကို အမှတ်ပေးထားရပါတယ်။
unknown source ကတော့ setting,security မှာပါ
နောက် developer option ကိုလည်း on ထားရပါမယ်၊ developer option ကို ရှာမတွေ့ရင် setting, about device,ထဲက build No. ကို (၇) ခုနှစ် ချက်  တို့ပါ၊ ပီးရင် developer option ပေါ်လာ တာတွေ့ရပါလိမ့်မယ်။
အဲဒါလေးတွေ လုပ်ပီးသွားရင် ခုနက ဒေါင်းထားတဲ့ vroot အင်စတောလုပ်ပီးရင် ဖွင့်၊ ခဏစောင့်နေရင် gt-n5100 ဆိုပီးပေါ်လာလိမ့်မယ် အဲဒီအခါမှ ညာဘက်အောက် အစွန်က အစိမ်းလေးကို နှိပ်၊ ခဏစောင့် လိုက်ရင် သူ့ဘာသာ အော်တို ရီစတတ် ဖြစ်သွားပါလိမ့်မယ်၊ ပြန်တက်လာရင် root process ပြီးဆုံးပါပြီ၊
ဆက်ပီးတော့ကာ နောက်ထပ်ဒေါင်းထားတဲ့ root explorer ကို note မှာ အင်စတောလုပ်၊ langauge.xml နဲ့ zawgyi 2008.ttf ကို အမည်ပြောင်းထားတဲ့ driodsanfallback.ttf ကို internal storage ထဲ ကူးထည့်၊ root explore ကို ဖွင့် super user request တောင်းရင် allowed ကို ပေးပါ၊ နောက်ပီး driosanfallback.ttf ကို copy လုပ်၊ root,system, font ထဲကိုသွား root explorer အပေါ်နားလေးက r/w ကို နှိပ်ပီး r/o လို့ ပြောင်းပေးပါ၊ root access တောင်းရင် allowed ပေးလိုက်ပါ၊ အဲဒီမှာ ခုနက copy လုပ်ထားတဲ့ driodsanfallback.ttf ကို paste လုပ်ပါ၊ နောက်ပီး အဲဒီ font file ပေါ်မှာ ခပ်ကြာကြာလေး ဖိထားလိုက်ရင် ပေါ်လာတဲ့ pop up တွေထဲက permission ကို ရွေးပါ၊ permission မှာ ရှေ့ဆုံးက သုံးခု စလုံးကို ဒေါင်လိုက်အတိုင်း အမှန်ခြစ်ပေးပါ၊ နောက် ဒုတိယ တစ်ခုကို အပေါ်ဆုံး တစ်ခု အမှန်ခြစ်ပေးပါ၊ အဲလိုလုပ်ပေးတာကို -rw -r -r လုပ်ပေးတယ်လို့ခေါ်ပါတယ်၊ (read/write, read, read ) လုပ်ပေးတာပါ။
 နောက်ပီးရင်တော့ langauge.xml ဖိုင်ကိုလည်း copy ကူးပါ၊ system,csc  ထဲမှာ သွားပီး paste လုပ်ပေးပါ၊ အပေါ်က အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  ပေးတာတို့ လုပ်ပါ၊
နောက် အခုတစ် နောက်ဆုံး ကျန်တဲ့ my_zw.zip file လေးကိုလည်း system,sipdb ထဲ မှာ သွား ထည့်ပေးလိုက်ပါ အပေါ်က လုပ်ခဲ့ တဲ့ အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  တာတွေ ကို ပြန်လုပ်ပေးပါ၊ -rw -r -r ပြန်ပေးဖို့ လုံးဝ မမေ့ပါနဲ့၊ အဲဒါလေး မေ့သွားခဲ့ရင်တော့ firmware ပြန်တင်ရပါလိမ့်မယ်၊ ဒါတွေအားလုံး ပီးရင် restart လုပ်လိုက်ပါတော့ ပြန်တက်လာရင် setting, langauge and input method ထဲမှာ burmese ဆိုတာလေး ထပ်တိုးလာတာ တွေ့ရပါလမ့်မယ်၊ အဲဒါလေး ကို ရွေးလိုက်ပါ၊ နောက် keyboard မှာ samsung keyboard ကိုပဲရွေးပေးပါ၊ ဘေးနားက setting (ခွေးသွားစိတ် (ပင်နယံပုံ) ကိုနှိပ်လိုက်ပါ၊ အဲဒီ ထဲမှာ myanmar (zawgyi) နဲ့ english ကို ရွေးပေးပါ၊ နောက်ပီး စာ စမ်းရိုက်ကြည့်ပါ၊ langauge change ချင်ရင်တော့ space bar ကို ပွတ်ဆွဲ လိုက် ရင် english-myanmar အလွယ်တစ်ကူး ချိန်းလို့ရပါပီ
အဲ တစ်ချို့ မြန်မာ စာတွေတော့ နည်းနည်းလေး လွဲတာပေါ့နော့်

မှီငြမ်း ကိုးကား DJJOE MAN

Monday, December 2, 2013

Win 7 WGA error ဖြေရှင်းနည်း

ဒါလေးကတော့ ဖုန်းနဲ့ တော့ မဆိုင်တေ့ဘူးဗျာ
အဲမဆိုင်ပေမယ့် လည်းဆိုင်တယ်ဗျ၊ ဗျာ နားရှုပ်သွားလား ဒီလိုပါ၊ ဖုန်း နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဖုန်းသုံးတဲ့သူ အတော်များများဟာ ကွန်ပျူတာ သုံးကြတယ်မဟုတ်လား၊ ဖုန်း နဲ့ ကွန်ပျူတာ ချိတ်ပီး ဟိုဟာဒီဟာတွေ လုပ်ကြတယ်လေနော့၊
အဲ ကွန်ပျူတာ သုံးတဲ့သူ အတော်များများ ကလည်း ဝင်းဒိုး ကို အဓိက သုံးကြတာလေနော့၊ အဲဝင်းဒိုးကို လိုင်စင်နဲ့ ဝယ်သုံး နိုင်တဲ့ သထိန်းတွေကတော့ မလိုပါဘူး၊ ကျွန်တော်တို့လို ပိုင်းရိတ် ပဲသုံးနိုင်တဲ့သူတွေပေါ့ဗျာ၊ update ဖွင့်ထားလို့ပဲ ဖြစ်ဖြစ်၊ update လုပ်မိလို့ပဲဖြစ်ဖြစ် WGA (ဝင်းဒိုး ခိုးသုံးတာ) မိသွားရင်ပေါ့ဗျာ ကျွန်တော်ကတော့ ဒါလေးတွေနဲ့ ရှင်းတယ်ဗျ
1 .net ကတော့ ရှိပီးသား သူတွေတော့ မလိုပါဘူး မရှိသေးတဲ့သူတွေက ဒေါင်းပါ (.net4 ပါ)
2 hal7600.exe တဲ့ ဒီကောင်က Loader တွေနဲ့တော့ မတူပါဘူး၊ windows registery ထဲ ထိ ဝင်ရှင်းပေးတာပါ (hal7600.exe)
3. နံပါတ် 2 နဲ့ မနိုင်တော့တဲ့ အခါကျရင် သုံးဖို့ က (win 7 activator)
 အော် ပြောစရာ ကျန်သွားတယ်၊ ၁ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ကျသွားလိမ့်မယ်၊ နောက် ၂ ကိုဒေါင်းပီး အင်စတောလုပ်၊ ပီးရင် ရီစတတ် ထပ်ကျသွားလိမ့်မယ်၊ ပြန်တက်လာတာနဲ့ အက်တီဗိတ် ဖြစ်ပီးသား win7 ရပါပီ၊
တစ်ခုတော့ ရှိတယ်နော် အန်တီ ဗိုင်းရပ်တွေ ခဏပိတ်ပေးရမယ်၊
အဲ ၂ နဲ့ လုံးဝ မနိုင်တော့ရင် ၃ ကို သုံးပီး အင်စတော လုပ်လိုက်ပါ၊ ကျွန်တော်ကတော့ ခုချိန် ထိ အဆင်ပြေနေပါတယ်ခင်ဗျာ
win ver အားလုံး 32 ရော 64 ပါ ရပါတယ်ခင်ဗျာ

Sunday, December 1, 2013

ဒါက နောက်ထပ် gapp installer ပါ

ဒီ Gapp installer  ကိုတော့ ကိုကျော်စွာသွင် ကရေးထားတာပါ
၆၆မက်တောင် ဆိုတော့ နည်းနည်းတော့ များပါတယ်၊
သူ့ရဲ့ page မှာတော့ ဒီလို ရေးထားပါတယ်ခင်ဗျာ

Android Version 2.3.3 မှ 4.3 အထိ ထည့်သွင်းနိုင်မည့် Smart GApps APK ထွက်ရှိ...
ဒီ APK လေးကတော့ Gmail, Talk နဲ့ Google Play Store ထည့်သွင်းဖို့အတွက်ပါ...
Goo.im မှ GApps များကို အခြေခံထားတဲ့အတွက် Error အနည်းဆုံးဖြစ်မှာပါ...
2.3.5-7 အတွက် gapps-gb-20110828-signed.zip
4.0.3-4 အတွက် gapps-ics-20120429-signed.zip
4.1.x အတွက် gapps-jb-20121011-signed.zip
4.2.2 အတွက် gapps-jb-20130812-signed.zip
4.3.0 အတွက် gapps-jb-20130813-signed.zip
တို့ကို သုံးထားပါတယ်...
4.1.1 နဲ့ 4.2.1 တို့မှာမသုံးပါနဲ့... ဒီဗားရှင်းမှာ အဲ့ကောင်တွေ ထည့်မထားပါဘူး... Talk နဲ့အဆင်မပြေရင် Hangouts ပြောင်းသုံးဖို့အကြံပြုချင်ပါတယ်...

http://www.mediafire.com/download/qv01f5j3noow48f/Smart+GApps+v1.0.apk

http://d-h.st/ZcC