Saturday, December 14, 2013

samsung GT n5100 Galaxy note 8.0 နှင့်မြန်မာစာ

Galaxy Note 8.0 ကို မြန်စာ (မြန်မာ langauge) နှင့် မြန်မာ ကီးဘုတ် (samsung ရဲ့ ကိုယ်ပိုင် မြန်မာ keyboard ပါ) ထည့်ကြည့်ရအောင်ဗျာ






အရင်ဆုံးလိုအပ်တာက
vroot နောက်ဆုံး version 
နောက် root explorer
နောက် zawgyi 2008.ttf (တခြား လက်ရှိ font များနှင့် အဆင်ပြေ မပြေ ကို မသိရပါ)
နောက် samsung original keyboard (for myanmar langauge setting)
နောက် langauge.xml
 vroot ကလွဲရင် ကျန်တာ အကုန်လုံးကို ဒီမှာ စုထားပါတယ်
အရင်ဆုံး မိမိ  note 8.0 ကို ထုံးစံအတိုင်း unknown source  ကို အမှတ်ပေးထားရပါတယ်။
unknown source ကတော့ setting,security မှာပါ
နောက် developer option ကိုလည်း on ထားရပါမယ်၊ developer option ကို ရှာမတွေ့ရင် setting, about device,ထဲက build No. ကို (၇) ခုနှစ် ချက်  တို့ပါ၊ ပီးရင် developer option ပေါ်လာ တာတွေ့ရပါလိမ့်မယ်။
အဲဒါလေးတွေ လုပ်ပီးသွားရင် ခုနက ဒေါင်းထားတဲ့ vroot အင်စတောလုပ်ပီးရင် ဖွင့်၊ ခဏစောင့်နေရင် gt-n5100 ဆိုပီးပေါ်လာလိမ့်မယ် အဲဒီအခါမှ ညာဘက်အောက် အစွန်က အစိမ်းလေးကို နှိပ်၊ ခဏစောင့် လိုက်ရင် သူ့ဘာသာ အော်တို ရီစတတ် ဖြစ်သွားပါလိမ့်မယ်၊ ပြန်တက်လာရင် root process ပြီးဆုံးပါပြီ၊
ဆက်ပီးတော့ကာ နောက်ထပ်ဒေါင်းထားတဲ့ root explorer ကို note မှာ အင်စတောလုပ်၊ langauge.xml နဲ့ zawgyi 2008.ttf ကို အမည်ပြောင်းထားတဲ့ driodsanfallback.ttf ကို internal storage ထဲ ကူးထည့်၊ root explore ကို ဖွင့် super user request တောင်းရင် allowed ကို ပေးပါ၊ နောက်ပီး driosanfallback.ttf ကို copy လုပ်၊ root,system, font ထဲကိုသွား root explorer အပေါ်နားလေးက r/w ကို နှိပ်ပီး r/o လို့ ပြောင်းပေးပါ၊ root access တောင်းရင် allowed ပေးလိုက်ပါ၊ အဲဒီမှာ ခုနက copy လုပ်ထားတဲ့ driodsanfallback.ttf ကို paste လုပ်ပါ၊ နောက်ပီး အဲဒီ font file ပေါ်မှာ ခပ်ကြာကြာလေး ဖိထားလိုက်ရင် ပေါ်လာတဲ့ pop up တွေထဲက permission ကို ရွေးပါ၊ permission မှာ ရှေ့ဆုံးက သုံးခု စလုံးကို ဒေါင်လိုက်အတိုင်း အမှန်ခြစ်ပေးပါ၊ နောက် ဒုတိယ တစ်ခုကို အပေါ်ဆုံး တစ်ခု အမှန်ခြစ်ပေးပါ၊ အဲလိုလုပ်ပေးတာကို -rw -r -r လုပ်ပေးတယ်လို့ခေါ်ပါတယ်၊ (read/write, read, read ) လုပ်ပေးတာပါ။
 နောက်ပီးရင်တော့ langauge.xml ဖိုင်ကိုလည်း copy ကူးပါ၊ system,csc  ထဲမှာ သွားပီး paste လုပ်ပေးပါ၊ အပေါ်က အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  ပေးတာတို့ လုပ်ပါ၊
နောက် အခုတစ် နောက်ဆုံး ကျန်တဲ့ my_zw.zip file လေးကိုလည်း system,sipdb ထဲ မှာ သွား ထည့်ပေးလိုက်ပါ အပေါ်က လုပ်ခဲ့ တဲ့ အတိုင်း rw ကို ro ပြောင်းတာတို့ -rw -r -r  တာတွေ ကို ပြန်လုပ်ပေးပါ၊ -rw -r -r ပြန်ပေးဖို့ လုံးဝ မမေ့ပါနဲ့၊ အဲဒါလေး မေ့သွားခဲ့ရင်တော့ firmware ပြန်တင်ရပါလိမ့်မယ်၊ ဒါတွေအားလုံး ပီးရင် restart လုပ်လိုက်ပါတော့ ပြန်တက်လာရင် setting, langauge and input method ထဲမှာ burmese ဆိုတာလေး ထပ်တိုးလာတာ တွေ့ရပါလမ့်မယ်၊ အဲဒါလေး ကို ရွေးလိုက်ပါ၊ နောက် keyboard မှာ samsung keyboard ကိုပဲရွေးပေးပါ၊ ဘေးနားက setting (ခွေးသွားစိတ် (ပင်နယံပုံ) ကိုနှိပ်လိုက်ပါ၊ အဲဒီ ထဲမှာ myanmar (zawgyi) နဲ့ english ကို ရွေးပေးပါ၊ နောက်ပီး စာ စမ်းရိုက်ကြည့်ပါ၊ langauge change ချင်ရင်တော့ space bar ကို ပွတ်ဆွဲ လိုက် ရင် english-myanmar အလွယ်တစ်ကူး ချိန်းလို့ရပါပီ
အဲ တစ်ချို့ မြန်မာ စာတွေတော့ နည်းနည်းလေး လွဲတာပေါ့နော့်

မှီငြမ်း ကိုးကား DJJOE MAN

No comments:

Post a Comment