Sunday, February 1, 2015

Thai နိုင်ငံ အတွက်ထုတ်ထားသော iNFONE, F phone, ais Lava များနဲ့ မြန်မာစာ

ZAWGYI version
နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုတ်ထားသော LAVA စီးရီး
အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နိုင်ပါသည်။

For Beginners






Unicode version
KDA ထိုင်း-မြန်မာ အကြံပေးကုမ္ပဏီလီမီတက် နှင့် Global future life holding Co., Ltd တို့မှ consignment (အပ်ကုန်) စနစ်ဖြင့်ရောင်းချ ထားသော iNFONE

နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုုတ်ထားသော LAVA စီးရီး

များမှာလည်း Unicode စနစ် အပြီး ပါပြီး ဖြစ်ပါသည်၊ အကြောင်း အမျိုးမျိုးကြောင့် ဇော်ဂျီ ပြန်ပြောင်းချင်ပါက၊ root လုပ်ပြီး ပြန်ပြောင်းရပါတယ်၊ root လုပ်ရ မခက်ခဲသော်လည်း၊ one click ဖြင့် ဇော်ဂျီ သွင်းသည့် apk များဖြင့် အဆင်မပြေပါ၊ ရှိရင်းစွဲ ယူနီကုဒ် စာလုံးများပါ ပျောက်သွားခြင်း၊ english စာများတွင် ? ? ? များ ဖြစ်သွားခြင်းတို့ ဖြစ်တတ်ပါသည်။

ယူနီကုဒ် အသုံးပြု သူလိုသူများ အနေဖြင့် မည်သို့မျှ ပြုလုပ်ရန်မလိုအပ်ပဲ တိုက်ရိုက် အသုံးပြုနိုင်သော်လည်း ဇော်ဂျီ အသုံးပြုလိုသူ များ အနေဖြင့် ဇော်ဂျီ သို့ ပြန်ပြောင်းရန်လိုအပ်ပါတယ်၊ ထိုကဲ့သို့ ဇော်ဂျီ သို့ ပြန်ပြောင်းအသုံးပြု လိုသူများ အနေဖြင့် old method ဖြစ်သော replace font က အဆိုပါဖုန်းများအတွက် ပိုမိုအဆင်ပြေပါတယ်။ ၄င်း ဖုန်းများတွင် အသုံးပြုထားသော unicode font မှာ padauk.ttf ဖြစ်ပါတယ်၊ ထို့ကြောင့် ဇော်ဂျီ သုံးချင်သူများ အနေဖြင့် smart zawgyi ကို padauk.ttf ဟု rename လုပ်ပြီး font ချိန်း နိုင်ပါတယ်၊

အပြစ်များကတော့ ယခင် မြန်မာ UI စာလုံးပေါင်းများ လွဲကုန်ခြင်း၊ ယူနီကုဒ် site များတွင် ပေါက်ကရများပေါ်ကုန်ခြင်း ဖြစ်သွားပြီး

အကျိုး တရားကတော့ ဇော်ဂျီ (လက်ရှိတွင် အများဆုံးသုံးစွဲ နေဆဲဖြစ်သဖြင့်) site အတော်များများ အဆင်ပြေပြေ ကြည့်ရှု နိုင်ခြင်း

အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နို်င်ပါသည်။

လုပ်နေကြသူများ အဖို့ တော့ အခက်အခဲ မရှိနိုင်ပါသဖြင့် အောက်က အဆင့်များကို ဖတ်ရန်မလိုအပ်ပါ၊

လိုအပ်သောဖိုင်များ ကို အောက်တွင်ဒေါင်းပါ

For Beginners

iNFONE နှင့် F phone များအတွက် root လုပ်ရန်အတွက် vroot (iroot) ကို ဒေါင်းပါ

Ais LAVA series များအတွက် Kingo root ကိုဒေါင်းပါ

Root လုပ်တာကိုတော့ အသေးစိတ် မရှင်းတော့ပါဘူး၊ phone ထဲမှာပဲ root လုပ်ချင်သူတွေကတော့ အောက်က download ပုံလေး နှိပ်ပြီး ဒေါင်းလို့ရတဲ့ အထဲက king root နဲ့ ဖြစ်ဖြစ် rommaster (iroot apk) နဲ့ ဖြစ်ဖြစ် လုပ်လို့ရပါတယ်၊

root လုပ်ပြီးပါက root explore ကို သွင်းပါ၊

ဒေါင်းထားတဲ့ file ကို zip ဖြည်ပြီး ရလာတဲ့ folder ကို sd ကဒ်ထဲ ထည့်ထားပါ

ပြီးရင် root explore ကို ဖွင့်ပါ (အနီ ဝိုင်းပြထားတာ)

storage ထဲက နေ ခုနက ဇစ်ဖြည်ထားတဲ့ folder ထဲက padauk.ttf ကို copy ကူးပါ

နောက် root ဖက်ကို ပြန်သွားပြီး system, font ထဲမှာ သွားပြီး paste လုပ်ပါ



paste (copy here) မလုပ်ခင် font folder ကို rw ကနေ ro ပြောင်းပါ



အပေါ်က ပုံလို warning ပေးလာခဲ့ရင်လည်း yes နှိပ်ပါ

ကောင်းတာကတော့ မူရင်း padauk.ttf ကို အရင် copy လုပ်ပြီး တစ်နေရာမှာ သိမ်းထားပါ၊ အဲဒါမှ နောင်တစ်ချိန် unicode ပြန်ပြောင်းချင်ရင် ပြောင်းလို့ရမှာပါ

ပြီးရင် permission ကို -rw -r -r ပြောင်းပေးရပါမယ်၊ ဒီအဆင့် အရေးကြီးပါတယ်၊ အဲဒီမှာ ပါမစ်ရှစ် မချိန်းခဲ့မိရင် boot loop တတ်လို့ပါ၊ permission ပြောင်းပေးချင်ရင် ပြောင်းချင် file (ဒီမှာတော့ padauk.ttf ပေါ့) ကို ကြာကြာ ဖိထားလိုက်ပြီးရင် ပေါ်လာတဲ့ အထဲကမှ permission ကိုရွေးပေးပါ

အောက်က ပုံလို ပေါ်လာလိမ့်မယ်၊ ဒါမှ မဟုတ်လည်း တခြား ပုံစံ လည်းဖြစ်နိုင်တယ်

အောက်က ပုံလို ချိန်းပေးတာကို -rw -r -r ပေးတာလို့ ခေါ်ပါတယ်

ပြီးရင် back key နဲ့ ပြန်ထွက်၊ ဖုန်းကို restart ချ လိုက် ပြန်တက်လာရင် ZAWGYI ဖြစ်ပါပြီ

အရေးအကြီးဆုံး အချက် permission ကို -rw -r -r ပြောင်းဖို့ မေ့ခဲ့ရင် boot loop  ပတ် သွားပါလိမ့်မယ်။


iNFONE + F Phone ျမန္မာစာ