Friday, September 21, 2018

SUZUKI Ertiga GPS Map Card (Part 1)

အခုတလော အရောင်းအဝယ်ဖြစ်နေကြတဲ့ Zero Kilo, မြန်မာပြည်ထုတ် ဆူဇူကီး အာတီဂာ (အာကြီး) ရဲ့  win Ce DVD player မှာ NAVI (gps system) ထည့်နည်းလေးပြောပြချင်ပါတယ်၊ တစ်ကယ်တော့ ကျွန်တော် ကိုယ်တိုင်ရှာတွေ့ထားတဲ့ နည်း မဟုတ်ပါ၊ fb closed group တစ်ခုဖြစ်တဲ့ SECM (https://www.facebook.com/groups/1352038384824800) ထဲက Kyaw Kyaw Khant (https://www.facebook.com/kyaw.kyawkhant.718)
တင်ထားတာကို ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ရင်း တွေ့လာတဲ့ အခက်အခဲ လေးတွေကို အဆင်ပြေအောင် အလွယ်တကူ လုပ်နည်းလေးကို ပြန်ပြောပြတာပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ကွန်ပျူတာ တစ်လုံး (laptop or desktop)
၂။ memory card အနည်းဆုံး 2gb ကနေ 8gb အထိ၊ (ကျွန်တော် ကတော့ 2gb ရော 8gb ရော နဲ့ စမ်းထားပါတယ်၊ ဘာမှ မထူးခြားပါ တူတူပါပဲ၊ အဲကဒ်မှာ တခြား ဘာမှ ထပ်ထည့် လို့ မရသလို ဘာမှ သုံးလို့ မရတော့လို့ 2gb လောက်ပဲ သုံးလို့ရပါတယ်၊ စုစုပေါင်း file size က 17MB မပြည့်ပါ)
၃။ micro sd card ဆိုတော့ card reader လိုပါမယ်။
၎။ အင်တာနက် ကတော့ မပါမဖြစ်ပေါ့။

သုံးတဲ့ software ကတော့ ကွန်ပျူတာအတွက် mapfactor ပါ
ကား dvd အတွက်ကတော့ navigator.exe ပါ၊
ကွန်ပျူတာအတွက် ဒီမှာဒေါင်းပါ သူ့ website  က ဒီမှာပါ။
ဒါက ကျွန်တော့် google drive  မှာ ပြန်တင်ထားပေးတာပါ။
အရင်ဆုံး အပေါ်ကလင့် တွေထဲက (ကြိုက်တဲ့ တစ်ခု)ကိုဒေါင်းပြီး navigatorfree_install.exe ကို Run ပါ။
***** အရေးကြီးတာ တစ်ခုက sd (Micro sd ) ကို FAT 32 နဲ့  full format ချထားပါ ******
 

 langauge ကို english ရွေးပါ။ ထုံးစံအတိုင်း next တွေ ဆက်တိုက် နှိပ်သွားပေး :P :P :P ။ ပြီးသွားရင်တော့
အဲမှာပြထားတဲ့ navigator 17 .... ဆိုတာဟာလေး ပေါ်လာမယ်၊ အဲဒါလေးကိုဖွင့် ဒီလိုလေးထပ်ပေါ်လာမယ်

သူဒေါင်းလုတ် ပြီးတာကို စောင့်ပါ၊ (ကျွန်တော့် ဆီမှာတော့ 30 sec လောက်ပဲကြာပါတယ်)
အဲလိုဖြစ်သွားရင် install application ကိုရွေး
install pocket navigator ကိုရွေး
windows CE device ကိုရွေး
install to a memory card ကိုရွေး
memory card ကို ရွေးပြီး next နှိပ်ပေး
ဒီလိုလေးပေါ်လာပြီးရင် ခနစောင့် ပြီးရင် OK နှိပ်၊ map data မရှိသေးဘူး ဒေါင်းမလား မေးရင် ok နှိပ်၊ ဒီနေရာကို ပြန်ရောက်သွားလိမ့်မယ်၊
အဲဒီက install map data ကို ရွေး၊ ပြီးရင် manage map download ကိုရွေး
ပေါ်လာတဲ့ အထဲက commercial region ကို မယူပဲ  free region ကိုရွေးပေး


asia ထဲက myanmar ကိုရွေးပေး (ကျွန်တော်ကတော့ မြန်မာ ရော ထိုင်းရော ဒေါင်းပါတယ်၊ (မြဝတီ မဲဆောက် ကို သွားရင်လည်း သုံးလို့ရတာပေါ့နော်)၊ ပြီးရင် voice languages  မှာ english ကိုရွေးပေး (တခြားဟာရွေးလဲရတာပဲ :D :D)

ပြီးရင် Next နှိပ် အရှေ့ဆုံးကို ပြန်ရောက်သွားမယ်၊ install map data ကို ပြန်ရွေး၊ install map to memory card ကိုရွေးပေး (အလယ် ကဟာပါ)
next နှိပ်၊ ပြီးသွားရင် OK နှိပ် အဲဒါဆို map ကဒ် ပြုလုပ်တာ အောင်မြင်စွာ ပြီးဆုံးပါပြီ။
gps card ကို DVD မှာ install လုပ်နည်းကို နောက် တစ်ခုမှာ ထပ်ရေးပါမယ်။



2 comments: