Friday, September 21, 2018

SUZUKI Ertiga GPS Map Card Install On Car Infotainment System (Part 2)

ကဲ အခုဆိုရင် GPS map Card လေးရလာပြီပော့၊ Map Card မလုပ်ရသေးရင်တော့ ဒီမှာ ကြည့်ပါ။
အရင်ဆုံး ကျွန်တော် ပြောချင်တာက ဒီ Map Card က free Version ပာ free ဆိုတဲ့အတိုင်း တစ်ခာတလေ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဥပမာ DVD (infotainment system) ချက်ခြင်း တက်မလာတာမျိုး၊ တက်လာပြီးတော့ ဘာခလုတ်မှ နှိပ်မရ (Hang) နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲလို တွေ မဖြစ်အောင် ဘယ်လို လုပ်ရသလဲပါ တစ်ခာတည်းပြောပြသွားပါမယ်။
အဲ အရေးအကြီးဆုံးက DVD စက်မှာ GPS အင်တင်နာကို အရင်တပ်ထားပါ၊ ကားရှိုးရွမ်း ကထည့်ပေးလိုက်တဲ့ ကက်ဆက်ဘူး ထဲမှာ ပါပါတယ်၊ တစ်ချို့ က တပ်ပေးလိုက်ပေမယ့် တချို့က တပ်မပေးပါဘူး၊ တစ်ချို့က ပြောလိုက်ရင် တပ်ပေးပေမဲ့၊ တစ်ချို့က ပြောလဲ မတပ်ပေးပါဘူး၊ ကိုယ့်ဘာသာ အဆင်ပြေတဲ့ဆီမှာ တပ်လိုက်ပါ၊
  • install မလုပ်မီ USB or Sd card နဲ့ သီချင်း အရင် ဖွင့်ထားပါ၊
  • installလုပ်နေတဲ့ အဆင့်တစ်ခုပြီးတိုင်း  src ခလုပ်ကို စက္ကန့် အနည်းငယ် ဖိထားပြီး ပိတ်ပါ၊ ပြန်ဖွင့်ပါ (Restart လုပ်ခိုင်းတာပါ)
  • ပြန်ပွင့်လာတာနဲ့ (USB or Sd card ကနေ) သီချင်း ဖွင့်ပေးပါ၊ ဖွင့်ထားရက်နဲ့ လုပ်နေရင် စက်ပြန်ပွင့် တာနဲ့ သီချင်း လာတဲ့အထိ စောင့်ပါ။
  • အမြဲတမ်း DVD က NAVI ခလုတ်ကို မနှိပ်ခင် အရင်ဆုံး (USB or Sd card ကနေ) သီချင်း ဖွင့်ပေးပါ၊ ဒီဟာကတော့ group ထဲမှာ ကိုနေသူတိုး (https://www.facebook.com/NAYTHUTOE) က ပြောပြ ထားတာပါ။
 
ကဲ စလိုက်ကြရအောင်။ အရင်ဆုံး USB or Sd card နဲ့ သီချင်း အရင် ဖွင့်ထားပါ၊ ပြီးရင် SD GPS ဆိုတဲ့ အဖုံးလေးကို ခွာ၊ ခုနက SD (micro sd) လေးကိုထည့် (အပြာရောင် ချယ်ထားတဲ့ စတုဂံနေရာ)၊ ပြီးရင် NAVI ကို နှိပ်၊
အပေါ်ကလို ပေါ်လာရင် folder ပုံလေးကို နှိပ် ပြီး Navigator.exe ရှိတဲ့နေရာကို ရွေးပေးပါ၊ ကျွန်တော် ထည့်ထားတာက SD card ထဲမှာ NaviOne ဆိုတဲ့ Folder အရင် ဆောက်ပြီးမှ ထည့်ထားလို့ ပုံမှာ ပြထားတဲ့အတိုင်း မြင်နေရတာပါ။ ရွေးပြီးတာနဲ့  သီချင်း ပြန်ပွင့်လာပါမယ်၊ SRC (အပေါ် ဆုံးပုံမှာ အနီဝိုင်းပြထားတဲ့ဟာ) နှိပ်ပြီး စက်ပိတ်ပါ။ ပိတ်သွားမှ SRC နှိပ်ပြီး ပြန်ဖွင့်ပါ၊ သီချင်း ပြန်ပွင့်တဲ့အထိစောင့်ပါ NAVI ကို ပြန်နှိပ်ပါ၊ map factor install logo တက်လာပါမယ်၊ ပြီးရင် ဒီလို ပေါ်လာပါမယ်။


Yes ကိုသာ နှိပ်ပါ။ လိုင်စင်ကီး တောင်းပါမယ်
cancel သာရွေးပေးပါ။ commercial လိုင်စင် သုံးမရပါ၊ ဖရီး လိုင်စင် သုံးမှာလား မေးလာလိမ့်မယ်၊ yes သာ နှိပ်ပါ။ စက် တစ်ချက် ငြိမ်သွားပြီး သီချင်း ပဲ ပြန်ပေါ်လာရင် SRC နှိပ် ပိတ်၊ SRC နှိပ် ပြန်ဖွင့်၊ သီချင်းလာတော့မှ NAVI နှိပ်၊ Loading screen တက်လာပြီး ကမ္ဘာ့မြေပုံ ပေါ်လာမယ်။
(ကျွန်တော်က + နှိပ်ပြီး zoom in လုပ်ထားလို့ အပေါ်  ကလို ပေါ်တာပါ) Menu နှိပ်၊ screen ကို ဘယ်ဘက်ပွတ်ဆွဲ setting  screen ပေါ်လာမယ်။

setting ကို နှိပ်gps setting ကိုသွား
ကျွန်တော်ကတော့ အမှတ်တွေ အကုန် လိုက်ခြစ် လိုက်တာပဲ အေးရော 😂😂😂😂။ ပြီးရင် အပေါ်ဆုံးက GPS device ကို နှိပ် လိုက်။

အပေါ်ကလို ပေါ်လာတဲ့ အထိ စောင့်နေ၊ အဲထဲက auto detected ကို ရွေးပေး
အဲလို screen ပေါ်လာရင် ok ကို နှိပ်၊ Setting screen ကို ပြန်ရောက်ရင် venhicle ကို ရွေးပေး၊ car ကို ရွေး၊ ကားနံမည်ထည့်၊ ကျွန်တော်က တော့ ERTIGA လို့ပဲ ထည့်လိုက်တယ်၊ OK ပြန်နှိပ်
တခါတလေကျတော့လည်း ချက်ခြင်း Navi ပြန်တက်သွားပြီး ကားတည်နေရာကို တန်းပြပါတယ်၊ ဘာမှ မတက်ပဲ သီချင်းပဲလာနေရင် ထုံးစံအတိုင်း SRC နှိပ် ပိတ် ပြီးပြန်ဖွင့်။ သီချင်းပြန်ပွင့်လာရင် NAvi ပြန်နှိပ်
ဒီလို တက်လာပါပြီ
ခနေရင် ဒီလိုလေးဖြစ်သွား
ကဲ NAVI လေးသုံးလို့ရပါပြီ၊ သွားချင်တဲ့နေရာကို search မှာ ရှာ၊ Region အရင်ရွေး၊ မြန်မာ၊ နောက် မြို့နယ်ရွေး၊ ပြီးမှ လမ်းရွေး၊ (ရိုက်ထည့်ပြီး ရှာရတာပါ) သူပြလာတဲ့ အထဲက ကိုယ်သွားချင်တဲ့ အနီးဆုံး လမ်းကို ရွေး open on map ကို ရွေး ပြီးရင်ကို သွားချင်တဲ့ နေရာမှာ point ချ၊ တစ်ချက် ဖိထား အလံလေးထောင့် (destination) ကိုရွေးပေးလိုက်၊ သွားရမယ့် အနီးဆုံး လမ်းကြောင်း ကို ပြပေးပါမယ်၊ တစ်ခု ရှိတာက offline map ဖြစ်လို့ traffic အခြေအနေ တွေ သိရမှာ  မဟုတ်ပါဘူး၊ အတိုဆုံး အနီးဆုံး လမ်း ကိုပဲပြပေးမှာပါ၊ ကိုယ်က ပို မြန်နိုင်တဲ့လမ်းကမောင်းရင်လည်းကောင်း လမ်းကြောင်းမှားသွားရင် လည်းကောင်း  သူ့ဘာသာ လမ်းကြောင်းတွက်ပြီးပြန်ပြပေးပါတယ်။ 

(အားလုံးပဲ အဆင်ပြေကြပါစေ)









SUZUKI Ertiga GPS Map Card (Part 1)

အခုတလော အရောင်းအဝယ်ဖြစ်နေကြတဲ့ Zero Kilo, မြန်မာပြည်ထုတ် ဆူဇူကီး အာတီဂာ (အာကြီး) ရဲ့  win Ce DVD player မှာ NAVI (gps system) ထည့်နည်းလေးပြောပြချင်ပါတယ်၊ တစ်ကယ်တော့ ကျွန်တော် ကိုယ်တိုင်ရှာတွေ့ထားတဲ့ နည်း မဟုတ်ပါ၊ fb closed group တစ်ခုဖြစ်တဲ့ SECM (https://www.facebook.com/groups/1352038384824800) ထဲက Kyaw Kyaw Khant (https://www.facebook.com/kyaw.kyawkhant.718)
တင်ထားတာကို ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ရင်း တွေ့လာတဲ့ အခက်အခဲ လေးတွေကို အဆင်ပြေအောင် အလွယ်တကူ လုပ်နည်းလေးကို ပြန်ပြောပြတာပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ ကွန်ပျူတာ တစ်လုံး (laptop or desktop)
၂။ memory card အနည်းဆုံး 2gb ကနေ 8gb အထိ၊ (ကျွန်တော် ကတော့ 2gb ရော 8gb ရော နဲ့ စမ်းထားပါတယ်၊ ဘာမှ မထူးခြားပါ တူတူပါပဲ၊ အဲကဒ်မှာ တခြား ဘာမှ ထပ်ထည့် လို့ မရသလို ဘာမှ သုံးလို့ မရတော့လို့ 2gb လောက်ပဲ သုံးလို့ရပါတယ်၊ စုစုပေါင်း file size က 17MB မပြည့်ပါ)
၃။ micro sd card ဆိုတော့ card reader လိုပါမယ်။
၎။ အင်တာနက် ကတော့ မပါမဖြစ်ပေါ့။

သုံးတဲ့ software ကတော့ ကွန်ပျူတာအတွက် mapfactor ပါ
ကား dvd အတွက်ကတော့ navigator.exe ပါ၊
ကွန်ပျူတာအတွက် ဒီမှာဒေါင်းပါ သူ့ website  က ဒီမှာပါ။
ဒါက ကျွန်တော့် google drive  မှာ ပြန်တင်ထားပေးတာပါ။
အရင်ဆုံး အပေါ်ကလင့် တွေထဲက (ကြိုက်တဲ့ တစ်ခု)ကိုဒေါင်းပြီး navigatorfree_install.exe ကို Run ပါ။
***** အရေးကြီးတာ တစ်ခုက sd (Micro sd ) ကို FAT 32 နဲ့  full format ချထားပါ ******
 

 langauge ကို english ရွေးပါ။ ထုံးစံအတိုင်း next တွေ ဆက်တိုက် နှိပ်သွားပေး :P :P :P ။ ပြီးသွားရင်တော့
အဲမှာပြထားတဲ့ navigator 17 .... ဆိုတာဟာလေး ပေါ်လာမယ်၊ အဲဒါလေးကိုဖွင့် ဒီလိုလေးထပ်ပေါ်လာမယ်

သူဒေါင်းလုတ် ပြီးတာကို စောင့်ပါ၊ (ကျွန်တော့် ဆီမှာတော့ 30 sec လောက်ပဲကြာပါတယ်)
အဲလိုဖြစ်သွားရင် install application ကိုရွေး
install pocket navigator ကိုရွေး
windows CE device ကိုရွေး
install to a memory card ကိုရွေး
memory card ကို ရွေးပြီး next နှိပ်ပေး
ဒီလိုလေးပေါ်လာပြီးရင် ခနစောင့် ပြီးရင် OK နှိပ်၊ map data မရှိသေးဘူး ဒေါင်းမလား မေးရင် ok နှိပ်၊ ဒီနေရာကို ပြန်ရောက်သွားလိမ့်မယ်၊
အဲဒီက install map data ကို ရွေး၊ ပြီးရင် manage map download ကိုရွေး
ပေါ်လာတဲ့ အထဲက commercial region ကို မယူပဲ  free region ကိုရွေးပေး


asia ထဲက myanmar ကိုရွေးပေး (ကျွန်တော်ကတော့ မြန်မာ ရော ထိုင်းရော ဒေါင်းပါတယ်၊ (မြဝတီ မဲဆောက် ကို သွားရင်လည်း သုံးလို့ရတာပေါ့နော်)၊ ပြီးရင် voice languages  မှာ english ကိုရွေးပေး (တခြားဟာရွေးလဲရတာပဲ :D :D)

ပြီးရင် Next နှိပ် အရှေ့ဆုံးကို ပြန်ရောက်သွားမယ်၊ install map data ကို ပြန်ရွေး၊ install map to memory card ကိုရွေးပေး (အလယ် ကဟာပါ)
next နှိပ်၊ ပြီးသွားရင် OK နှိပ် အဲဒါဆို map ကဒ် ပြုလုပ်တာ အောင်မြင်စွာ ပြီးဆုံးပါပြီ။
gps card ကို DVD မှာ install လုပ်နည်းကို နောက် တစ်ခုမှာ ထပ်ရေးပါမယ်။



Sunday, February 1, 2015

Thai နိုင်ငံ အတွက်ထုတ်ထားသော iNFONE, F phone, ais Lava များနဲ့ မြန်မာစာ

ZAWGYI version
နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုတ်ထားသော LAVA စီးရီး
အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နိုင်ပါသည်။

For Beginners






Unicode version
KDA ထိုင်း-မြန်မာ အကြံပေးကုမ္ပဏီလီမီတက် နှင့် Global future life holding Co., Ltd တို့မှ consignment (အပ်ကုန်) စနစ်ဖြင့်ရောင်းချ ထားသော iNFONE

နှင့် F Phone များမှာ အများအားဖြင့် unicode စနစ် ပါပြီး ဖြစ်ပါတယ်၊ ထို့ အတူ AIS မှ ထုုတ်ထားသော LAVA စီးရီး

များမှာလည်း Unicode စနစ် အပြီး ပါပြီး ဖြစ်ပါသည်၊ အကြောင်း အမျိုးမျိုးကြောင့် ဇော်ဂျီ ပြန်ပြောင်းချင်ပါက၊ root လုပ်ပြီး ပြန်ပြောင်းရပါတယ်၊ root လုပ်ရ မခက်ခဲသော်လည်း၊ one click ဖြင့် ဇော်ဂျီ သွင်းသည့် apk များဖြင့် အဆင်မပြေပါ၊ ရှိရင်းစွဲ ယူနီကုဒ် စာလုံးများပါ ပျောက်သွားခြင်း၊ english စာများတွင် ? ? ? များ ဖြစ်သွားခြင်းတို့ ဖြစ်တတ်ပါသည်။

ယူနီကုဒ် အသုံးပြု သူလိုသူများ အနေဖြင့် မည်သို့မျှ ပြုလုပ်ရန်မလိုအပ်ပဲ တိုက်ရိုက် အသုံးပြုနိုင်သော်လည်း ဇော်ဂျီ အသုံးပြုလိုသူ များ အနေဖြင့် ဇော်ဂျီ သို့ ပြန်ပြောင်းရန်လိုအပ်ပါတယ်၊ ထိုကဲ့သို့ ဇော်ဂျီ သို့ ပြန်ပြောင်းအသုံးပြု လိုသူများ အနေဖြင့် old method ဖြစ်သော replace font က အဆိုပါဖုန်းများအတွက် ပိုမိုအဆင်ပြေပါတယ်။ ၄င်း ဖုန်းများတွင် အသုံးပြုထားသော unicode font မှာ padauk.ttf ဖြစ်ပါတယ်၊ ထို့ကြောင့် ဇော်ဂျီ သုံးချင်သူများ အနေဖြင့် smart zawgyi ကို padauk.ttf ဟု rename လုပ်ပြီး font ချိန်း နိုင်ပါတယ်၊

အပြစ်များကတော့ ယခင် မြန်မာ UI စာလုံးပေါင်းများ လွဲကုန်ခြင်း၊ ယူနီကုဒ် site များတွင် ပေါက်ကရများပေါ်ကုန်ခြင်း ဖြစ်သွားပြီး

အကျိုး တရားကတော့ ဇော်ဂျီ (လက်ရှိတွင် အများဆုံးသုံးစွဲ နေဆဲဖြစ်သဖြင့်) site အတော်များများ အဆင်ပြေပြေ ကြည့်ရှု နိုင်ခြင်း

အဆိုး ဆုံး ဖြစ်ပါက ( Beginners များသာ) font change ရာတွင် permission မပြောင်းမိသဖြင့် Boot loop ပတ်ခြင်း (logo တွင် လည်နေခြင်း) တို့ပါဖြစ်နို်င်ပါသည်။

လုပ်နေကြသူများ အဖို့ တော့ အခက်အခဲ မရှိနိုင်ပါသဖြင့် အောက်က အဆင့်များကို ဖတ်ရန်မလိုအပ်ပါ၊

လိုအပ်သောဖိုင်များ ကို အောက်တွင်ဒေါင်းပါ

For Beginners

iNFONE နှင့် F phone များအတွက် root လုပ်ရန်အတွက် vroot (iroot) ကို ဒေါင်းပါ

Ais LAVA series များအတွက် Kingo root ကိုဒေါင်းပါ

Root လုပ်တာကိုတော့ အသေးစိတ် မရှင်းတော့ပါဘူး၊ phone ထဲမှာပဲ root လုပ်ချင်သူတွေကတော့ အောက်က download ပုံလေး နှိပ်ပြီး ဒေါင်းလို့ရတဲ့ အထဲက king root နဲ့ ဖြစ်ဖြစ် rommaster (iroot apk) နဲ့ ဖြစ်ဖြစ် လုပ်လို့ရပါတယ်၊

root လုပ်ပြီးပါက root explore ကို သွင်းပါ၊

ဒေါင်းထားတဲ့ file ကို zip ဖြည်ပြီး ရလာတဲ့ folder ကို sd ကဒ်ထဲ ထည့်ထားပါ

ပြီးရင် root explore ကို ဖွင့်ပါ (အနီ ဝိုင်းပြထားတာ)

storage ထဲက နေ ခုနက ဇစ်ဖြည်ထားတဲ့ folder ထဲက padauk.ttf ကို copy ကူးပါ

နောက် root ဖက်ကို ပြန်သွားပြီး system, font ထဲမှာ သွားပြီး paste လုပ်ပါ



paste (copy here) မလုပ်ခင် font folder ကို rw ကနေ ro ပြောင်းပါ



အပေါ်က ပုံလို warning ပေးလာခဲ့ရင်လည်း yes နှိပ်ပါ

ကောင်းတာကတော့ မူရင်း padauk.ttf ကို အရင် copy လုပ်ပြီး တစ်နေရာမှာ သိမ်းထားပါ၊ အဲဒါမှ နောင်တစ်ချိန် unicode ပြန်ပြောင်းချင်ရင် ပြောင်းလို့ရမှာပါ

ပြီးရင် permission ကို -rw -r -r ပြောင်းပေးရပါမယ်၊ ဒီအဆင့် အရေးကြီးပါတယ်၊ အဲဒီမှာ ပါမစ်ရှစ် မချိန်းခဲ့မိရင် boot loop တတ်လို့ပါ၊ permission ပြောင်းပေးချင်ရင် ပြောင်းချင် file (ဒီမှာတော့ padauk.ttf ပေါ့) ကို ကြာကြာ ဖိထားလိုက်ပြီးရင် ပေါ်လာတဲ့ အထဲကမှ permission ကိုရွေးပေးပါ

အောက်က ပုံလို ပေါ်လာလိမ့်မယ်၊ ဒါမှ မဟုတ်လည်း တခြား ပုံစံ လည်းဖြစ်နိုင်တယ်

အောက်က ပုံလို ချိန်းပေးတာကို -rw -r -r ပေးတာလို့ ခေါ်ပါတယ်

ပြီးရင် back key နဲ့ ပြန်ထွက်၊ ဖုန်းကို restart ချ လိုက် ပြန်တက်လာရင် ZAWGYI ဖြစ်ပါပြီ

အရေးအကြီးဆုံး အချက် permission ကို -rw -r -r ပြောင်းဖို့ မေ့ခဲ့ရင် boot loop  ပတ် သွားပါလိမ့်မယ်။


iNFONE + F Phone မြန်မာစာ

Sunday, May 4, 2014

bootable win7 or win8 usb ပြုလုပ်နည်း

 bootable win7 or win8 usb ပြုလုပ်နည်း
ရည်ရွယ်ချက်
dvd drive ကောင်းကောင်း မဖတ်တော့တဲ့ laptop တွေ၊ dvd drive မပါတဲ့ bussiness (high end)

laptop တွေ၊ net book တွေနဲ့ dvd drive ထည့်လေ့မရှိတဲ့ net cafe, game ဆိုင် တွေက desktop

computer တွေအတွက်ပါ
အရင်ဆုံးရှိရမှာက
၁၊ dvd drive အကောင်းအတိုင်း ရှိနေသော win 7 or win တင်ထားသည့် ကွန်ပျူတာ (laptop or

desktop)
၂။ win7 or win8 dvd
၃။ quality မြင့်သော အနည်းဆုံး ၄ဂစ်ဂါဘိုက် ရှိ usb thumb drive တစ်ခု ( recomend 8gb)
အဲဒါလေးတွေ ရှိပြီးရင်တော့

win7 ဆိုရင် start ကို နှိပ် ပေါ်လာတဲ့ search box ထဲမှာ cmd လို့ရိုက် အပေါ်မှာ command






 prompt ပုံတွေ့ရင် right click နှိပ် run as administrator ကိုရွေးပေး၊ dialog box တစ်ခုပေါ်လာရင်

yes ကို နှိပ်ပေး၊
win8 ဆိုရင်တော့ ဘယ်ဘက်ခြမ်းက task bar ပေါ်မှာ right click လုပ်ပီး command promt

(admin) ကိုရွေးပေး
ပီးရင် ဒီလိုလေး ဆက်ရိုက်
diskpart
(၁၅ စက္ကန့် ကြာချင် ကြာတတ်တယ်) microsoft ရဲ့ diskpart utility တက်လာလိမ့်မယ်
diskpart တက်လာပီးရင်
list disk
(ရှိတဲ့ disk drive တွေ တန်းစီ ပီး ပြလိမ့်မယ်၊ usb drive ကို ရှာပါ၊ တခြား ဘာ usb or removable

drive တွေမှ မတပ်ထားပါနဲ့၊ hdd တစ်လုံး တည်း ရှိတဲ့ စက်တွေ ဆို အများအားဖြင့် disk 1

ဖြစ်တတ်ပါတယ်)
select disk (x) (x က ခုနက usb disk No. ပါ)
ပြီးရင် ဒါလေးတွေ အစဉ် အတိုင်း ဆက် ရိုက်သွားပါ

clean

create partition primary
select partition 1
active
format fs=ntfs
(or)
format fs=ntfs quick (ဒါက quick format)
assign
 အဲဒါ ဆိုရင် windows explore မှာ drive အသစ် တွေ့ကြောင်းပြပါလိမ့်မယ်
ပြီးရင်
exit နဲ့ diskpart ကနေ ထွက်ပါ
နောက် ပီး winn7 or win8 dvd ထည့်လိုက်ပါ
cmd prompt ကနေပဲ cd ဆိုပြီး dvd ထဲက boot ကို ပြောင်းလိုက်ပါ
ဥပမာ dvd က G: ဆိုပါတော့
ဒီလို ရိုက်ရမှာပါ
cd G:
cd boot
ပြီးရင်
bootsect.exe /nt60 x:   (x က usb drive ရဲ့ drive letter ပါ)
ပီးရင် cmd ကို ပိတ်ပီး explore ကနေပီး win dvd ထဲကနေ အကုန် ကူးပြီး  usb drive ထဲ

ထည့်ပေးလိုက်ပါ၊
ဒါဆိုရင် bootable windvd လေးရပါပီ